Tabs

ဒေါက်တာမောင်ဘချစ်

မွန်ပြည်နယ်မှာမွေးသည်။
မော်လမြိုင်ကောလိပ်နှစ်နှစ်တက်၍ မန္တလေးတက္ကသိုလ်တွင် ၁၉၆၄ ခုနှစ်မှာဘွဲ့ရသည်၊
အင်္ဂလန် University of Salford at the Greater Manchester မှ Ph.D.  ဘွ့ကိုရသည်။
တက္ကသိုလ်ဆရာ နှစ်(၂၀)ကျော်လုပ်၍ အလုပ်မှထွက်ကာစာရေးသည်။
စာရေးသက် နှစ် ၂၀ ကျော်မှာ ပြည်သူပေးသော အသိအမှတ်ပြုဆုကိုရသည်။
စာရေးခြင်းသက်သက်ဖြင့်သာ အသက်မွေးလျက်ရှိသည်၊
ဂျပန်နိုင်ငံ ဧရာဝဏ်ဂျာနယ တွင် ၅ နှစ်တာမျှ လစဉ်ရေးသားခဲ့သည်။ ထို ဆောင်းပါးများကိုစုပေါင်းကာ
 လူ့ဘ၀နှင့်ဒဿနအမြင် စာအုပ်ကို ဂျပန်နိုင်ငံတွင်ထုတ်ဝေခဲ့သည်။
မိုးမခမီဒီယာတွင် အပတ်စဉ်ရေးသားနေပြီးနယူးယောက်မြို့ People's  Vision တွင်လည်းလစဉ် ရေးသားနေသည်။
RFA (လွတ်လပ်သော အာရှအသံ)တွင်လည်း  ယနေ့ သိပ္ပံနှင့်နည်းပညာကဏ္ဌ အပတ်စဉ်အစီအစဉ်ကို ထုတ်လွှင့်နေပါသည်။
ဒေါက်တာမောင်ဘချစ်သည် လူငယ်များပြုစုပျိုးထောင်ရေးကိုအထူးစိတ်ဝင်စားပြီး ဒီမိုကရေစီနှင့်ပတ် သက်သော သုတေသနများကို လေ့လာ လျက်ရှိသည်။
မတူကွဲပြားသောရောင်စုံ Idea ။ ရောင်စုံ pattern ။ ရောင်စုံ အဆင်အသွေးများကို ဒီမိုကရေစီပြယုဂ်ဟူ ၍ လက်ခံထားပါသည်။
ဘ၀ထဲက ဟာသကို နှစ်သက်မြတ်နိုးလက်ခံသည်။
လူကြီးလူငယ် အားလုံးကို လေးစားသည်။
ဘ၀တစ်လျောက်လုံးစာရေးသွားဖို့အတွက်သာဆန္ဒရှိသည်။
ကျေးဇူးတင်ပါသည်။

မောင်ဘချစ်