ဒီနှစ် ခရစ္စမတ်နေ့မှာ မွန်အတွက်ရော ကိုကျော်တင့်မွေးနေ့အတွက်ရော ဘုန်းကြီးပင့် ဆွမ်းကပ်ဖြစ်တယ်။ ဝိုင်းကူမယ့်လူတွေလဲ ရှိလို့ပေါ့လေ။ ဆွမ်းမကပ်ဖြစ်တာ ၂နှစ်လောက်ရှိသွားပြီ။
ဒေါက်တာခင်မောင်ထွေး၊ မီးမီး မိသားစုက Arkansas ပြည်နယ်က လာလည်ကြမယ်။ ၂ရက်လောက် ကားမောင်းရမယ်။ ဒေါက်တာအေးအေးသန့်(ပူစူး)သားအမိက LA ကလာကြမယ်။
“ဒါဆိုရင် လူစုံတုန်း ဆွမ်းပါကပ်လိုက်မယ်။ ကုသိုလ်လုပ်ဖြစ်သွားတာပေါ့။”

ဂျပန်မှာ နှစ်မကူးခင် တအိမ်လုံးသန့်ရှင်းရေးလုပ်ကြတယ်။ ဂျီးတွေ နှစ်သစ်ထဲမပါအောင်လို့တဲ့။
ထူးခြားတာတခုက ဓမ္မမိတ်ဆွေရေးတဲ့ “လူ့ပြည်ကအပြန် သင်ဘာတွေကြံနေသလဲ”ကိုဖတ်မိတယ်။ အဲဒီအထဲမှာ “ကုသိုလ် ပညာ ဥစ္စာရဖို့ သင့်ရာဒေသအမြဲနေ”ဆိုတာ တခုခုကို ရရမှာလို့ ဆိုလိုတာမဟုတ်ဘဲ ၃ခုလုံးတပြိုင်နက်ပြီးနိုင်အောင်လုပ်ဖို့ပြောတာလို့ ရေးထားတယ်။
ဟောတော့ အဆင်မပြေဘူးဆိုတာတွေဟာ ဒါတွေတခုခုလွဲနေတာကြောင့်ကိုးလို့ စဉ်းစားမိလာတယ်။

တိုက်တိုက်ဆိုင်ဆိုင် တောင်ပုလုစေတီတော်ကျောင်းက ဆရာတော်ဦးဝိဇယ တရားဟောပါတယ်။
အနာထပိဏ်သူဋ္ဌေးကို မြတ်စွာဘုရားက ဟောတဲ့ ပတ္တကမ္မသုတ္တန်။
အကြောင်း၎ပါး-
သဒ္ဒါ သီလ စာဂ ပညာ သပ္ဗဓါ(ပြည့်စုံ) အောင် လုပ်ရမယ်တဲ့။
သုံးတဲ့အခါမှာလည်း-
ကိုယ်လည်းသုံးဆောင်၊ ဘေးလွတ်အောင်ပြု
၅ခုဗလိ ပူဇော်ဘိ၍၊ ဒက္ခိဏမည် လှုဒါန်းသည်
လေးမည်ပတ္တ မြတ်ကမ္မ။ အင်္ဂါ၎ပါးလုံး ပြည့်စုံပါစေတဲ့။
“ဒါဆိုရင် လူစုံတုန်း ဆွမ်းပါကပ်လိုက်မယ်။ ကုသိုလ်လုပ်ဖြစ်သွားတာပေါ့။”
သံဃာတော်တွေကြွမယ်ဆိုတော့ အိမ်ရှင်းယင်းနဲ့ အဖေနဲ့အမေအကြောင်းတွေ ပြန်စဉ်းစားကြည့်မိတယ်။
အမေတို့အိမ်မှာလည်း အနဲဆုံး တနှစ်တခါတော့ သံဃာတော်တွေပင့် ဆွမ်းကပ်ဖြစ်တယ်။ အိမ်လည်းရှင်းဖြစ်တယ်။ အင်မတန်ကောင်းတဲ့ အလေ့ပဲ။ ရွှေဥမင်မှာလည်း တလတခါ အပြင်သံဃာတွေကိုပင့်ပြီး ဆွမ်းကပ်တော့ ယောဂီတွေ ဓမ္မာရုံကို ဝိုင်းရှင်းကြရတယ်။ဂျပန်မှာ နှစ်မကူးခင် တအိမ်လုံးသန့်ရှင်းရေးလုပ်ကြတယ်။ ဂျီးတွေ နှစ်သစ်ထဲမပါအောင်လို့တဲ့။
ဒီအလေ့ကောင်းတွေကို အမွေရလာပေါ့။
ကိုယ့်မိဘ လုပ်ခဲ့တာတွေကို အမွေခံပြီးလိုက်လုပ်လာတာပေါ့။ မွန်တို့လည်း တချိန်ကြရင် သတိရပြီး အကျင့်ရလာမှာပဲလို့ မျှော်လင့်ပါတယ်။ထူးခြားတာတခုက ဓမ္မမိတ်ဆွေရေးတဲ့ “လူ့ပြည်ကအပြန် သင်ဘာတွေကြံနေသလဲ”ကိုဖတ်မိတယ်။ အဲဒီအထဲမှာ “ကုသိုလ် ပညာ ဥစ္စာရဖို့ သင့်ရာဒေသအမြဲနေ”ဆိုတာ တခုခုကို ရရမှာလို့ ဆိုလိုတာမဟုတ်ဘဲ ၃ခုလုံးတပြိုင်နက်ပြီးနိုင်အောင်လုပ်ဖို့ပြောတာလို့ ရေးထားတယ်။
ဟောတော့ အဆင်မပြေဘူးဆိုတာတွေဟာ ဒါတွေတခုခုလွဲနေတာကြောင့်ကိုးလို့ စဉ်းစားမိလာတယ်။
တိုက်တိုက်ဆိုင်ဆိုင် တောင်ပုလုစေတီတော်ကျောင်းက ဆရာတော်ဦးဝိဇယ တရားဟောပါတယ်။
အနာထပိဏ်သူဋ္ဌေးကို မြတ်စွာဘုရားက ဟောတဲ့ ပတ္တကမ္မသုတ္တန်။
ရခဲတဲ့ အကျိုးစီးပွား ၄ပါး-
ဥစ္စာစီးပွား၊ ချွေရံများ၊ ရှည်လျားသက်ဇီဝ သေလျင်သော်ကား နတ်ရွာလား
၎ပါးရခဲစွ။ ကိုလိုချင်ရင်-အကြောင်း၎ပါး-
သဒ္ဒါ သီလ စာဂ ပညာ သပ္ဗဓါ(ပြည့်စုံ) အောင် လုပ်ရမယ်တဲ့။
သုံးတဲ့အခါမှာလည်း-
ကိုယ်လည်းသုံးဆောင်၊ ဘေးလွတ်အောင်ပြု
၅ခုဗလိ ပူဇော်ဘိ၍၊ ဒက္ခိဏမည် လှုဒါန်းသည်
လေးမည်ပတ္တ မြတ်ကမ္မ။ အင်္ဂါ၎ပါးလုံး ပြည့်စုံပါစေတဲ့။
No comments:
Post a Comment