8/24/11- (ရန်ကုန် 7:30 am) Online ပေါ်တွင် ဖြစ် ပါသည်။
သမီး NY ကို Hurricane ဖြတ် မယ် တဲ့ မေမေ..Category -1 တဲ့ news တွေက သတိပေးနေကြတယ်
အမေ ဘယ်တော့လဲ?.. သမီးတို့ဘာတွေပြင်ထားကြလဲ?..
သမီး အင်း..ဘာမှမလုပ်ရသေးဘူး..စား စရာတော့ ၀ယ်ရမယ်ထင်တာဘဲ(အတွေ့ အကြုံမရှိသောသမီးကပြော၏)
အမေ news တွေက ပြောတဲ့ အတိုင်းလိုက်နာနော်.. mayor ကတော့ well prepare လုပ်ပေးနေတယ်မဟုတ်လား?
သမီး ဟုတ်တယ် သူဆီက သတိပေးစကားတွေလဲ ခဏခဏလာနေတယ်..ပြီးတော့ rescue center တွေလဲ ဖွင့်ပေးမယ်တဲ့။
8/26/11-(ရန်ကုန် 8:00 am)
အမေ သမီး Hurricane ကဘယ်လိုလဲ?
သမီး East Coast ကိုတော့ ၀င်လာနေပြီ..TV ထဲမှာပြနေတယ်..တော်တော်ပြင်းတာဘဲ..ပြီးတော့ လမ်းကြောင်းထဲမှာပြနေတာတော့ Hurricane ရဲ့ Eye ကNY City ကိုဖြတ်မယ်တဲ့…
အမေ မြတ်စွာဘုရား…
သမီး မပူပါနဲ့မေမေ..သမီးတို့စားစရာရော..ရေရော တပတ်စာဝယ်ထားတယ် ..
stores တွေမှာ…ရေ၀ယ်လို့ မရတော့ဘူး မေမေ..ကုန်နေပြီ..
ပြီးတော့အိမ်နားမှာလဲ rescue center ဖွင့်ထားတယ်..တချို့ လူတွေက တခြား state ခဏပြောင်းနေကြတယ်။ မေမေ့အသိတွေတောင်ပါသေးတယ်။ ဘာလို့ဒီလောက်ကြောက်နေသလဲမသိဘူး…..
(အန္တရာယ်ကို မသိနားမလည်သဖြင့် အေးအေးဆေးဆေးဖြစ်နေ၏)
အမေ ဒါအန္တရာယ်ကြီးလို့သူတို့တွေရွှေ့ ကြတာဘဲ..ဘုရားတရားမမေ့ကြနဲ့ သတိနဲ့နေကြနော်.. ဟိုမှာရှိတဲ့လူကြီးတွေနဲ့လဲ တိုင်တိုင်ပင်ပင်နေကြ လုပ်ကြနော်…
မေမေ အမြဲonline ဖွင့်ထားမယ် တခုခုဆိုရင် ချက်ချင်း ပြောနော်…
8/27/11 -ည( NY )
သမီး ဒီနေ့နေ့လည် 12:00am ကစပြီး sub way တွေပိတ်လိုက်ပြီမေမေ.. flights တွေလဲ cancel လုပ်လိုက်ပြီးဘယ်မှသွားလို့မရတော့ဘူး..
Mayorကအားလုံးအိမ်ထဲမှာနေကြဘို့သတိပေးနေတယ်
Mayorကအားလုံးအိမ်ထဲမှာနေကြဘို့သတိပေးနေတယ်
မနက်ဖန် မနက် 10:00am မှာHurricane က ၀င်မှာတဲ့..North Carolina တော့တော်တော် ထိနေတယ်..NYကိုလဲ85-105 mile/hr နဲ့ဝင်နိုင် တယ်တဲ့..power shutdown ဖြစ်သွားရင်ဒုက္ခဘဲ ဆက်သွယ်ရခက်လိမ္မယ်…
သမီးဆီကထိုစကားကြားပြီးကထဲကနေလို့ထိုင်လို့မရတော့ပါ..
ဘာလုပ်ရမှန်းလဲမသိ..ဘုရားရှိခိုးလိုက်ဆုတောင်းလိုက်.. မီးပူဇော်လိုက်နှင့်… ထိုင်မရထမရ..
ဘယ်လိုလုပ်ရမလဲ.. ဘယ်လိုလုပ်ရမလဲ..
ကလေးတွေကကိုယ့်ရင်အုပ်နှင့်ကွာဝေးနေ၏..မိသားစုတူတူဆိုရင်..ဆိုးအတူကောင်းအတူရင်ဆိုင်ရဲ၏..
သမီးလေး၏ online ပေါ်ရှိ green dot လေးကိုအပျောက်မခံနိုင်ဖြစ်နေ၏..
သမီးနှင့်တကွ NY City ရှိလူ ၁၂ သန်း အတွက်ကို၎င်း…
ထိုမူန်တိုင်း ကြောင့်လူပေါင်း ၆၅သန်း တွေ့ကြရမည့် ဒုက္ခကို၎င်း..
တွေးရင်းတွေးရင်း..နှစ်လုံးခုန်နှုန်းကမြန်လာကာရင်တုန်လာသည်…
စိတ်ငြိမ်ရန်မေတ္တာပို့ဘို့ကြိုးစားသော်လည်း..မိမိ၏ခြောက်တိခြောက်ချက်သမာဓိက ..
ဘယ်လိုမှအလုပ်မဖြစ်… ဘာမှလုပ်ပေးလို့မရဖြစ်နေသည်က ..ဆိုးဝါးလှသည်..
ဘယ်သူတွေကများဒီလို.. ကြီးမားလှတဲ့သဘာဝဘေးအန္တရာယ်တွေကိုကာကွယ်ပေးနိုင်မှာပါလိမ့်လို့စဉ်းရင်း… နည်းလမ်းရှာကြည့်သည်…
ဟော..သတိရပြီ…
ဟော..သတိရပြီ…
သီလ သမာဓိ ပညာ အားကောင်းသောသူတော်ကောင်းများ မေတ္တာပို့ သစ္စာဆို ပေးလျှင်…
သက်သာ လွတ်မြောက် နိုင်ကြောင်း သတိရလာသည်။
8/28/11 နံက် (ရန်ကုန်)
မှော်ဘီမြိုနယ် ထဲရှိ အောင်မင်္ဂလာမြေဇင်း တောရ ရိပ်သာ တွင် တရားပြ နေသော ဆရာတော်ဆီကို အကြိုးအကြောင်းပြောကာ.. မေတ္တာပို့ပေးပါရန်လျှောက်ထားလိုက်ပါသည်။
မြေဇင်းရိပ်သာတွင်.. တရားဝင်နေကြကုန်သော ယောဂီတော်တော်များများသည် သမာဓိအား ထက်မြက်ပြီး အလင်းနိမိတ်အားကောင်း သောယောဂီ များရှိကြပါသည်။ မေတ္တာကမ္မဋ္ဌာန်းကိုလဲပွားများကြရပါသည်။ ဥပုသ်နေ့တိုင်းစုပေါင်းမေတ္တာ ပို့ကြပါသည်။
ဆရာတော်က မိမိနှင့်တကွတရားဝင်နေကြသောယောဂီများအား..ဒီနေ့အထူးပြုပြီး..NYC ရှိလူအများ ဘေးရန်ကင်းဝေးစေရန် မေတ္တာပို့ပေးမည့်အကြောင်း အမိန့်ရှိပါသည်။(ထိုနေ့သည် ၀ါခေါင်လကွယ် နေ့ဥပုသ်နေ့လဲဖြစ်သည်)
သမီး Virginia မှာ power shutdown ဖြစ်ကုန်ပြီ မေမေ..ဒါပြီးရင် New Jersey နဲ့ New York ရောက်တော့မယ်..
8/28/11 ည (ရန်ကုန်)
NY တွင် Hurricane Irene ၀င် ရန် နာရီပိုင်း သာလို တော့သည်..
ရန်ကုန် အချိန် ည ၇ နာရီ (NY time 8:30 am) တွင် ဆရာတော်နှင့်တကွယောဂီများ New York မြို့သို့ရည်မှန်းကာ စတင် မေတ္တာပို့ကြပါသည်.. တစ်နာရီတိတိ ပို့ကြပါသည်…..
ထိုနေ့ညသမီးကတော်တော် နှင့် online ပေါ် ရောက်မလာသဖြင့် စိတ်မောနေရ၏…
ရန်ကုန်အချိန် ည၈နာရီခွဲ(NY time 10:am) ရောက် မှပေါ်လာသော သမီး အား မေးကြည့်သည့် အခါ
Hurricane သည် နံက် 9:00am မှာ NY City ဖြတ်ခဲ့ကြောင်း စတင်ဝင်ရောက်ချိန် တွင်…
Hurricane မှ Tropical Storm သို့ အား ပျော့သွားကာလေတိုက်နှုန်းမှာလဲ 65m/hr သာရှိခဲ့ကြောင်း.. ခန့်မှန်းထားသကဲ့သို့အပျက်အစီး မများကြောင်း..
အခုအခါအပြင်ဘက်တွင် လေအနည်းငယ်သာတိုက် လျှက်ရှိပြီး နေရောင်ခြည်ပွင့်လာပြီဖြစ်ကြောင်း….
အခုအခါအပြင်ဘက်တွင် လေအနည်းငယ်သာတိုက် လျှက်ရှိပြီး နေရောင်ခြည်ပွင့်လာပြီဖြစ်ကြောင်း….
ဝမ်းမြောက်စရာကြားသိရပါသည်။
သူတော်ကောင်းများ၏ ပို့သသော မေတ္တာအစွမ်း သစ္စာအစွမ်း ကြောင့်ပါပေ…
အောင်မင်္ဂလာမြေဇင်း ရိပ်သာရှိ ဆရာတော်နှင့်သူတော်စင် ယောဂီများအား ရိုသေ ကျေးဇူးတင်စွာဖြင့် ဦးချကန်တော့လျှက်…
ဆရာတော် နှင့် ယောဂီ သူတော်စင် များ စုပေါင်းကာမေတ္တာပို့ ဆုတောင်း ပေးခဲ့ကြပါသည်။
လုံးစုံ များစွာ သတ္တ၀ါ…ချမ်းသာကိုယ်စိတ် မြဲပါစေ…..
မမွှေး
No comments:
Post a Comment