မနေ့က မြန်မာ့လူ့အခွင့်အရေးနေ့
အထိန်းအမှတ်ပွဲ သွားဖြစ်တယ်။
ကိုညွန့်သန်းက
မြန်မာပြည်သူတွေရဲ့ ပညာရေးတိုးတက်မှုအတွက်
Khan Academy https://www.khanacademy.org/ နဲ့ မိတ်ဆက်ပေးဖို့ စီမံကိန်းမှာ မြန်မာဘာသာပြန်
လုပ်အားပေးတွေကို ဖိတ်ခေါ် နှိုးဆော်ပါတယ်။
Khan
Academy က free online ပညာဒါနလုပ်ပေးနေတဲ့ ပရဟိတပညာရေးအဖွဲ့တစ်ခုပါ။ မူလတန်းပညာကနေ
တက္ကသိုလ်အဆင့်ထိ ဘာသာစုံ ပညာမျက်စိဖွင့်ပေးနေပါတယ်။ သူ့ရဲ့ သင်ခန်းစာတွေကို နိုင်ငံပေါင်း
၁၀၀ကျော်က အင်တာနက်ကတဆင့် ပညာရည်နို့ သောက်သုံးနေကြရတာဖြစ်ပြီး သူရဲ့ သင်ခန်းစာပို့ချချက်
ဗွီဒီယိုတွေဟာလည်း ဘာသာပေါင်းများစွာက ဘာသာပြန်ယူ အသုံးပြုနေကြရတာဖြစ်ပါတယ်။
ကိုမင်းဇင်က
မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲကာလမှာ ခါတိုင်း တင်ပြနေကြဖြစ်တဲ့ self-governance
အပြင် အရေးတကြီး အာရုံစိုက်ရမဲ့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား သဘောတူညီ ရယူချက်ကို
သုံးသပ်ပြပါတယ်။
တဆက်တည်းမှာပဲ
ဗြိတိသျှအုပ်စိုးမှုကနေ လွတ်လပ်ရေးဆီသို့ အပြောင်းအလဲကာလမှာ အဆင့်ဆင့် သဘောတူညီချက်တွေဖြစ်တဲ့
Aung
San-Atlee Agreement 1947 http://burmastar1010.files.wordpress.com/2011/06/44172419-aungsan-atlee-agreement.pdf နဲ့ NU-ATTLEE BURMA
INDEPENDENCE AGREEMENT 1947 http://burmastar1010.files.wordpress.com/2011/06/nu-atlee-agreement.pdf
တို့ကိုလည်း သတိရမိပါတယ်။
NLD က ၂၀၁၅ အောင်နိုင်ရေးကိုသာ
အာရုံစိုက်နေပြီး ဒီသဘောတူညီချက်တွေကို မပြင်ဆင်ထားရင် ဒေါ်အောင်ဆင်းစုကြည် ကျန်းမာရေး
တခုခုဖြစ်ခဲ့သော် တိုင်းပြည်အတွက် ရင်လေးစရာဖြစ်ကြောင်း ၁၉၉၀ ခုနှစ်အတွေ့အကြုံများကိုလည်း
သတိပေး သုံးသပ်တင်ပြပါတယ်။
Professor Larry Diamond က path
to Genuine Democracy ကို ရှင်းလင်းပြောပြပြီး 2015 သည် NLD အောင်နိုင်ရေးက အဓိကမဟုတ်ပဲ
ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခြင်း တရားမျှတခြင်း နိုင်ငံသားများပါဝင်ခွင့်နှင့်
ဥပဒေအရာတွင် သာတူညီမျှခြင်း တို့ကို ဦးတည်တဲ့ အခင်းအကျင်းတွေကို ကြိုတင်ပြင်ဆင်နိုင်ရမှာဖြစ်ကြောင်း
လာမယ့် ၂နှစ်တာ ကာလမှာ ပြုလုပ်ဖို့ တိုက်တွန်း အကြံပြုပါတယ်။ http://www.journalofdemocracy.org/sites/default/files/17_23.4%20diamond%20(advance).pdf
တပ်မတော်နဲ့ ဒီမိုကရေစီအင်အားစုကြားမှာ အပြန်အလှန် အကာအကွယ်ပေးသော
အာမခံသော စနစ် system of mutual security တစ်ခုရှိရပါမယ်။ တနည်းပြောရရင်တော့ ကစားပွဲတစ်ခုအတွက် လိုအပ်တဲ့ စည်းမျဉ်း rule of
the game ရှိထားဖို့ လိုကြောင်း ပြောပါတယ်။
Pseudo democracy ပုံမှန်မဟုတ်သော ဒီမိုကရေစီ တနည်း hybrid regime မှ ဒီမိုကရေစီသို့ပြောင်းလဲလာရန်
လိုအပ်သော ညှိနိုင်း ပြင်ဆင်မှုများကို ဆွေးနွေး ပြောပြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံထဲက မူမမှန်သော
အချက်များကို ၂၀၁၅ခုမတိုင်မီမှာ ပြုပြင်ရန်လိုကြောင်း-
·
တပ်မတော်ရဲ့ ဗွီတိုအာဏာ
·
ကာကွယ်ရေးဦးစီးချုပ်ရဲ့ ၂၅%တပ်မတော်သားကိုယ်စားလှယ်ခန့်အပ်နိုင်ခွင့်
·
ဝန်ကြီးဌာန ၃ခုဟာ ကာကွယ်ရေးဦးစီးချုပ်တင်ပြသော တပ်ကိုယ်စားလှယ်ထဲမှသာ
ခန့်ထားပိုင်ခွင့်
·
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်နေရာ ၁၁မှာ
၆နေရာက တပ်မတော်မှဖြစ်ခြင်း
·
ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မှ ပိတ်ပင်သောပြဌာန်းချက်
·
သမ္မတရွေးချယ်ပုံ
·
အရေးပေါ်အခြေအနေတွင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာများစွာပေးထားခြင်း
·
တပ်မတော်စီမံခန့်ခွဲရေးအာဏာသည် တပ်၏လက်ထဲတွင်သာရှိခြင်း
·
နိုင်ငံသားတို့၏အခြေခံအခွင့်အရေးကို တိတိကျကျအဓိပါယ်မဖွင့်ဆိုထားခြင်း
ဒီအချက်တွေကို မပြင်နိုင်ရင်
နိုင်ငံတကာက ပိတ်ဆို့မှုတွေလည်း ရုတ်သိမ်းမှာ မဟုတ်ကြောင်း ထောက်ပြပါတယ်။
လိုအပ်တဲ့အခင်းအကျင်းတွေကို
ပြင်ဆင်ရန် ဒီမိုကရေစီအတွေ့အကြုံရှိသော အင်အားစု၊ လူလတ်တန်းစားအင်အားစု၊ အင်အားကောင်းသော
လူမှုထောက်ကူပြုအဖွဲ့များ၊ ဒီမိုကရေစီနိုင်ငံရေးပါတီ အင်အားစုများ၊ အချိန်နှင့် တပြေးညီ
သတင်းပေးပို့နိုင်သော ခေတ်မီသော ဆက်သွယ်ရေးများလည်း လိုအပ်ကြောင်း။
ဒီမိုကရေစီအုတ်မြစ်ခိုင်မာရေးမှာ proportional
representation (PR) ကလည်း အရေးပါကြောင်း မဲအများဆုံးရသူက အစိုးရဖွဲ့ခြင်းရဲ့ အားနည်းချက်ကိုလည်းဆွေးနွေးပြပါတယ်။
နိုင်ငံသားများရဲ့ ကြားမြင်သုတရှိခြင်းဟာ အရေးပါကြောင်း
တပ်မတော်က ဂုဏ်သိက္ခာရှိသော တပ်ဖြစ်ရန် မြှင့်တင်ပေးရန်လိုကြောင်း
ပြည်နယ်နှင့်တိုင်းများရဲ့ အစိုးရအဖွဲ့များဟာ မိမိဒေသဖွံ့ဖြိုးရေးအတွက်
အဓိပါယ်ရှိသောလုပ်ပိုင်ခွင့်၊ သယံဇာတစီမံခန့်ခွဲခွင့်၊ ယဉ်ကျေးမှုထိန်းသိမ်းခွင့်တို့
ရှိရမှာဖြစ်ကြောင်း
အထူးသဖြင့် ဦးသိန်းစိန်နှင့် ဒေါ်စုကြား စေ့စပ်ညှိနှိုင်းမှုတွေဟာ
နှုတ်ကတိမဟုတ်ပဲ အချိန်ကာလ၊ အဆင့်ဆင့်ပါဝင်သော ကြားကာလဖွဲ့စီးအုပ်ချုပ်ပုံဖြင့် သွားရန်လိုကြောင်း
ဆွေးနွေးပြပါတယ်။
ဝမ်းသာစရာသတင်းကတော့ Professor Larry Diamond က နောက်လတွင် Stanford University မှ ဒီမိုကရေစီနှင့်ပတ်သက်သော
အခမဲ့ ပညာဒါန Mass Online Open Course ဖွင့်မည်ဖြစ်ကြောင်း သတင်းကောင်းပါးပါတယ်။
အလားတူ Harvard University ကလည်း MOOC ဖွင့်ထားပါတယ်။
No comments:
Post a Comment