Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Tuesday, August 9, 2011

Priority in Life: Rocks, Stones or Sand


မွန်တို့မောင်နှစ်မတွေ နွေရာသီကျောင်းပိတ်ထားလို့ အိမ်ထဲမှာပဲ တနေကုန် ဂိမ်းနဲ့ အင်တာနက်နဲ့ အချိန်ကုန်နေကြတယ်။ ဒါနဲ့ ဒီပုံပြင်လေးကို ပြောပြဖြစ်တယ်။

ဒီပုံက ပြင်သစ်က လာတဲ့ပုံပဲ။ ဒီပုံကို ဟမွန်းဘေးက ဆရာတော် ဦးသြသဓက တရားထဲမှာထည့်ဟောလို့ ကြားဖူးသွားပြီး ကြိုက်တာနဲ့ အင်တာနက်မှာ လိုက်ရှာလိုက်တယ်။ မြန်မာပြည်က တူ တူမတွေကိုလဲ မျှဝေလိုက်ပါတယ်။

တခါတုန်းက ပြင်သစ်ကပရော်ဖက်ဆာတယောက်ဟာ အမေရိကန်ပြည်က အောင်မြင်နေတဲ့ ကုမ္ပဏီတွေရဲ့ထိပ်တန်းမန်နေဂျာတွေကို အချိန်ကိုအကျိုးရှိအောင် ဘယ်လို သုံးရမလဲဆိုတာကို မွန်းမံ သင်တန်းပေးဖို့ ရောက်လာတယ်။


သူက စားပွဲပေါ်မှာ အဝကျယ် ဖန်ပုလင်းတခုတင်လိုက်ပြီး ပုလင်းထဲကို ကျောက်ခဲတုံးတွေ အပြည့် ထည့်လိုက်ပါတယ်။


ပြီးတော့ မန်နေဂျာတွေကို မေးလိုက်တယ်။

“ထပ်ထည့်လို့ ရသေးလား။”

“မရတော့ဘူး ဆရာ။”

“ဟုတ်ရဲ့လား။”

ဒါနဲ့ သူက စက္ကူထုပ်ထဲက ခဲသေးသေးလေးတွေကို ထုတ်ပြီး ပုလင်းထဲကို ထပ်ထည့်ပြပါတယ်။

“အို့ အို ….. ဟင်း ဟင်း ဟင်း  ဟဲ ဟဲ ဟဲ။”

ခဲလေးတွေဟာ ကျောက်ခဲတုံးတွေကြားထဲကိုတိုးပြီး ဝင်သွားပါတယ်။

သူက တခါထပ်ပြီး မေးပြန်တယ်။

“ထပ်ထည့်လို့ ရသေးလား။”

“ဒီတခါတော့ ပြည့်နေပြီ ဆရာရေ။”

“သေချာ လား။”

ဒါနဲ့ သူက နောက်စက္ကူထုပ်ထဲက သဲတွေကို ပုလင်းထဲ ထပ်ဖြည့်ပြပါတယ်။

“ဝေါင်း”     “ဝါး   ဟား ဟား ဟား။”

သဲမှုန်တွေဟာ ခဲနဲ့ ကျောက်ခဲတုံးတွေကြားထဲကို အကုန်ဝင်သွားပါတယ်။

ပြီးတော့သူက မေးပြန်တယ်။

“ခင်ဗျားတို့ ဘာတွေ့သလဲ။”

မန်နေဂျာတယောက်က-

“ကျွန်တော်သိပြီဆရာ။ ကျွန်တော်တို့ အချိန်ဇယားတွေက ဘယ်လိုပဲ ပြည့်နေပြီပြောပေမဲ့ အလုပ်တွေ အစည်းဝေးတွေ ထပ်ထည့်လို့ရသေးတယ်။”

“မဟုတ်သေးဘူး။ ကျွန်တော်ဆိုလိုချင်တာက-

အကယ်၍သာ ကျောက်တုံးအကြီးကို အယင်ဆုံး မထည့်ဘူးဆိုရင် ကျွန်တော်တို့လုပ်ငန်းတွေ အားလုံး ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ အံဝင်ဂွင်ကျ ဖြစ်မှာမဟုတ်ဘူး။”

“ဒီမှာကြည့်လေ”- ဟုဆိုကာ ပုလင်းထဲက ကျောက်တုံးတွေ ခဲတွေ သဲတွေကိုပြန်ထုတ်ပြီး သဲကို အယင်ထည့်ပြလေသည်။

ပြီးတော့ ခဲ။

ပြီးမှ ကျောက်တုံး။

အံမဝင်တော့ပါ။

“ဟာ”

အခန်းတခုလုံး တိတ်ဆိပ်သွားလေ၏။

ပြီးတော့ စကားဆက်ပြန်၏။

“ခင်ဗျားတို့ ဘဝမှာ ဘယ်ဟာက ကျောက်တုံးလဲ။ ဘယ်ဟာက ဘဝရဲ့ ပန်းတိုင်လဲ။ အနှစ်သာရလဲ။”

“မိသားစုလား။”

“သူငယ်ချင်းလား။”

“ကျန်းမာရေးလား။”

“ပရဟိတ အလုပ်လား။”

“ကိုယ်ကြိုက်တာ ကိုယ်လုပ်ရဖို့လား။”

“ကိုယ့်ဘဝရဲ့ ကျောက်တုံးကို သေသေချာချာ သတ်မှတ်ပြီး သူ့ကို အယင်ထည့်နိုင်အောင် ကြိုးစားကြပါ။”


ပုံပြင်လေးကတော့ ဒါပါပဲ။ ဒါပေမဲ့ မြတ်စွာဘုရားဟောထားတာနဲ့ရော ကိုက်မနေဘူးလား။

ဗုဒ္ဓတ္တစရိယာ

ဥာတတ္ထစရိယာ

လောကတ္ထစရိယာ  


ရွှေတောင်ကုန်းဆရာတော် ဦးပဏ္ဍိတက-
“မြတ်စွာဘုရားလဲ ကိုယ့်ကိစ္စပြီးအောင် သံသရာကလွတ်မြောက်အောင် အယင်လုပ်တယ်။ ပြီးမှ သားသမီး ဆွေမျိုး ကိုယ့်အသိုင်းအဝိုင်း လောကအတွက် လုပ်တယ်။”


အောင်မြင်တဲ့လူတွေကိုကြည့်ရင်လဲ ဒီနိယာမနဲ့ ကိုက်နေတာတွေ့ရလိမ့်မယ်။

၈၊ ၈၊ ၂၀၁၁။

No comments:

Post a Comment