Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Tuesday, April 19, 2011

မြန်မာစစ်မျက်နှာ (၉)

ဗန်ကောက်မှ ထွက်ခွါခြင်း


ကျနော်တို့တပ်ရင်း၏ပထမဦးဆုံးတပ်ခွဲက ၁၉၄၂ခု ဇန္န၀ါရီလ ၁၃ရက်ကတဲက လေကြောင်းဖြင့်ရောက်ရှိနေသော်လည်း ဇန္န၀ါရီလ ၂၁ရက်တွင်မှ တပ်ရင်းအားလုံးစုံညီစွာ Suanlumphini Park ဆွမ်းလုမ္ဗိနီပန်းခြံသို့ စုရုံးရောက်ရှိလာကြလေသည်။

ကျနော်တို့တပ်ခွဲက စခန်းချမည့် ယာယီဘားတိုက်သို့ရောက်သည့်ည၌ ခရီးရောက်မဆိုက်ပင် ဗန်ကောက်လေဆိပ်ကို ရန်သူစီးနင်းဝင်ရောက်သဖြင့် အရေးပေါ် ဥသြဆွဲသံက စူးကနဲထွက်ပေါ်လာ၏။ ဗုံးပေါက်ကွဲသံအစား ရန်သူအားထပ်ကြပ်မကွာ လိုက်သံများ ကောင်းကင်ယံမှ အလင်းတန်းများ လင်းကနဲဖျန်းထွက်သဖြင့် မျက်စိထဲ ပြာကနဲဖြစ်သွားလေ၏။


ဇန္န၀ါရီလ ၂၅ရက်တွင် တပ်ရင်းသည် တသုတ်ပြီးတသုတ် ဗန်ကောက်ဘူတာရုံရှိ မြောက်ပိုင်း ပိဆန်လော့Phitsanulokသို့ ဆန်မည့် ရထားတွဲများဆီသို့ ရောက်ရှိလာကြ၏။ ဘူတာရုံရှေ့တွင် ထိုင်း-ဂျပန်ချစ်ကြည်ရေးအသင်းမှ ညီအကိုမောင်နှမရင်းပမာ အားပေးနှုတ်ဆက်ပွဲအခမ်းအနားကို နွေးထွေးစွာခံယူပြီး ရထားတွဲများအတွင်းသို့ ၀င်ရောက်ကြရ၏။

ရထားသည် ထင်းမီးကိုလောင်စာအဖြင့်သုံး၍ ခုတ်မောင်းရသဖြင့် တလူလူ လွင့်ထွက်လာသော မီးပွင့် မီးခိုးမှိုင်းများက စစ်ယူနီဖေါင်းကို မညစ်နွမ်းစေရလေအောင် သတိပေးထားသော်လည်း ကျနော့်ယူနီဖေါင်းများက စည်းကမ်းကိုမလိုက်နာဘဲ မီးပေါက်များ ကြပ်ခိုးများဖြင့် မဲညစ်ကြလေကုန်၏။


မြင်းဖြင့်နယ်စပ်ဆီသို့

အမိန့်ထုတ်ထားသောပင်မှည့်သီး(passion fruit)


ပိဆန်လော့ရှိ ထောက်ပို့တပ်တာဝန်ခံမှုးကို အလေးပြု၍ မြင်းဖြင့် ခရီးဆက်ခဲ့ကြလေ၏။
လမ်ဖန်း Lamphun ဆီသွားသောလမ်းခရီးသည် မြေပြန့်တွင်ဖေါက်ထားသောလမ်းဖြစ်၍ ပူပြင်းသော နေရှိန်အောက်တွင် မြင်းစီးရသော်လည်း မဆိုးလှပေ။
ဤလမ်းသည် မြန်မာပြည်သိမ်းရန်စီမံချက်တွင် ထိုင်းဖက်တွင်ရှိသော တခုတည်းသော အလွန်အရေးပါသောလမ်းဖြစ်၍ ဤစီမံချက်တွင်ပါဝင်သော တပ်ရင်းများအားလုံးက တသုတ်ပြီးတသုတ် ဖြတ်သန်းရလေသည်။

ထိုအချိန်က ထိုင်းပြည်သူများသည် ဂျပန်နှင့်ကြားနေစာချူပ်ကြောင့် လမ်းတလျှောက်တွေ့ရသော ရပ်သူရွာသားများမှာ ဂျပန်တပ်များနှင့် ကောင်းကောင်းအဆက်အသွယ်ရှိကြသဖြင့် ကျနော်တို့တပ်အားတွေ့လိုက်သည်နှင့် မျှော်လင့်တုန်းကြော့ဖုန်းလာသည့်နှယ် ၀င်းပသောမျက်နှာဖြင့် ဆီးကြိုကြလေ၏။

ဘယ်ရွာ၌မဆို ပင်မှည့်နွယ်ပင်များပေါက်နေပြီး မမှည့်သေးသော်လည်း စိမ်းရင့်သောအသီးကြီးများဖြင့် တွဲလွဲခိုလျှက်ရှိနေပေသည်။
ကျွန်တော့်ကိုယ်ရံတော်တပ်သားက အသီးကိုခူးပြီး စားမည်ဟုဟန်ပြင်ပြီးမှ မစားတော့ဘဲ လွှင့်ပစ်လိုက်၏။
ဤတွင် ဇဝေဇ၀ါဖြစ်သွားသည့် ရွာသားများသည် “ဒီအသီးစားရင် သေတတ်သလား ဟု ပျာယိပျာယာဖြင့် ရဲဘော်များကို မေးလေ၏။

ဆေးမှုး ဒီအသီးစားရင် သေတတ်တယ်လို့ပြောနေတယ်၊ ဟုတ်လား။ ဟု ရဲဘော်များက မေးမြန်းရန်ရောက်လာကြလေ၏။


လာမေးကြတယ် စားလို့ရမလား၊

ပင်မှည့်သီးက စိမ်းနေသေးတယ်။