Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Tuesday, November 30, 2010

သူ့အရင်က တကောင် သူက တကောင်

ဒေါက်တာ မောင်ဘချစ်
စက်တင်ဘာ ၁၅၊ ၂၀၁၀

လောကကြီးဟာ အင်မတန်ရှုပ်သည်။ အာဏာရထားသူများက ပိုပြီးရှုပ်ထွေး နေတတ်သည်။
သက်ရှူနေသမျှ လူအများအတွက်လည်း ရှုပ်ပါသေးသည်။
ကိုယ်မရှုပ်ပေမယ့် သူ ရှုပ်သည်။
ကိုယ်ရှုပ် သူရှုပ်ဆိုလျှင် ပိုရှုပ်သေးသည်။
ခု ရွေးကောက်ပွဲ။
လူမိုက်ကို ဝေးဝေးရှောင်
ဝေးဝေးမရှောင်နိုင် မနေနိုင်သူများက ဝင်ရွေးပါသည်။
တဖြည်းဖြည်းနှင့် အတွင်းရောက်အောင် ကြိုးစားလိုကြသည်။
ပြည်သူ့ဒုက္ခကို သူတို့ ကယ်လိုကြသည်။
သို့သော် ...
x x x
တခါက ခြင်္သေ့တကောင် အရိုးစူးသည်။
အင်မတန် ခံရခက်သည်။
သူအော်နေသောကြောင့် သစ်တောက်ငှက်က မေးသည်။
“ဘာလို့ဒီလောက်အော်နေတာလဲ၊ စတိတ်ရှိုးအတွက် လေ့ကျင့်နေတာလား။ လီယိုနတ်မောင်မောင်လွင်တို့ ဝိုင်းစုခိုင်သိမ်း တို့ ပြန်ကုန်ပြီ”
“ကျုပ်ပါးစောင်ထဲမှာ အရိုးဝင်နေတယ်ထင်ပါ့”
“အင်း၊ ဒါဆိုရင် နယူးယောက်က သွားဆေးခန်း သွားမှာလား”
“ဘာ”
“မိုးမခထဲမှာ ကြော်ငြာပါတယ်”
“ဘာတွေပြောတောလဲ၊ ဒီမှာ နာရတဲ့ကြားထဲ”
“ဒါဆိုလည်း အရှင် ပါးစပ် ဟထားပါ၊ ကျွန်ုပ် ဝင်ကြည့်ပေးမည်”

ခြင်္သေ့ ပါးစပ်ဟထားသည်။
ခြင်္သေ့ပါးစပ်သည် နံလှသောကြောင့် သစ်တောက်ငှက်သည် နှာခေါင်းစည်းကို စည်းကာ ဝင်သွားလေသည်။
သစ်တောက်ငှက်က ခြင်္သေ့ ခံတွင်း ဝင်ကာ ကြည့်သည်။ ပြီးတော့ အပြင်ထွက်လာကာ ပြောသည်။

“နံလိုက်တာ ၊ အဲလေ ခင်ဗျား အရိုးစူးနေတာက ဟိုး အတွင်းထဲမှာပါလား။ လည်ချောင်းမှာ စူးဝင်နေတယ်”
“ကောင်းပြီလေ၊ လည်ချောင်းက အရိုးကို နှုတ်လိုက်ပါ”

သစ်တောက်ငှက်သည် ခံတွင်းထဲကို နောက်တကြိမ်ဝင်ကာ အရိုးကိုနှုတ်သည်။

“ယံကမာလေ ပူးလီးဆံခပ်... ၊ ဘေးလေးဆပ်... ၊ ဘေးလေးဆပ်... ”

(ရှေးခေတ် ဂေါ်ရင်ဂျီ ကုလားများ အလုပ်လုပ်ရာတွင်ဆိုသော သီချင်းဖြစ်သည်။ နောက်လူတွေ မှတ်သားနိုင်ဖို့ စေတနာရှေ့ထား ဖော်ပြပါသည်။ အမြင်ကပ်ကြကုန် ... မောင်ဘချစ်)
သစ်တောက်ငှက်သည် ချွန်ထက်နေသောအရိုးကို အားစိုက်ကာ ဆွဲထုတ်လိုက်သည်။

“ပြွတ်... ” အရိုးထွက်လာသည်။
“သြော်... ၊ ကောင်းသွားပြီပဲ”

ခြင်္သေ့ နေသာထိုင်သာ ရှိသွားသည်။ မငြီးငြူနေတော့။
ဘာမပြော ညာမပြော ထွက်သွားလေသည်။ (ခြင်္သေ့မထံ သွားဆရာဝန်ခ သွားတင်ဟန်တူသည်)
ခြင်္သေ့နှင့် သစ်တောက်ငှက်တို့ မဆုံဖြစ်ကြတော့။
နောက်တကြိမ် ခြင်္သေ့နှင့် သစ်တောက်ငှက် ဆုံကြသောအခါ သစ်တောက်ငှက်က ခြင်္သေ့ကို မေးသည်။

“ဘယ့်နှယ့်လဲ၊ နေသာထိုင်သာရှိရဲ့လား”
“ကောင်းသွားပြီဗျ”
“ဒါဆို ဗျူဆလွန်းတို့၊ အနှိပ်ခန်းတို့ ခါရာအိုကေးတို့ သွားနိုင်ပြီပေါ့”
“တိုးတိုး... ... ... မဒမ်ခြင်္သေ့ (ဒိုင်ကျော်ကျော်) ရောက်နေတယ်”
“ခုလို အဆင်ပြေတာ ကျုပ်လုပ်ပေးလိုက်လို့လေ။ ခင်ဗျား ကျေးဇူးတင်စကားလေး ဘာလေး မဆိုချင်ဘူးလား”
“ကျေးဇူးတင်ရမယ် ... ဟုတ်လား ... ၊ မင်းကသာ ခြင်္သေခံတွင်းက နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်လာတာကို ကျေးဇူးတင်ဖို့ ကောင်းတယ်”

ဘယ့်နဲ့ရှိစ။

x x x

ခြင်္သေ့သည် တိရစ္ဆာန်ပင် ဖြစ်သည်။ သူ၏အတွေးသည် တိရစ္ဆာန်အတွေးသာ ဖြစ်သည်။
အသက်ရှင်ခွင့် ပေးသည်ကိုပင် ကျေးဇူးတင်ပါ။
ရွေးကောက်ပွဲလုပ်ပေးသည်ကို ကျေးဇူးတင်ပါ။ လှုပ်ရှားမှ မုန့်စားရမည်။
ရပ်ကွက်တွေထဲမှာ တို့တတွေ လမ်းတွေ ခင်းပေးနေသည် မဟုတ်ပါလား။
မြန်မာအင်ဂျင်နီယာများဖြင့်သာ လမ်းခင်းသည်။
လမ်းမကြီးတွေ ပျက်တယ် ဟုတ်လား။ ဝင်ဒါမီယာတို့ ရွှေတောင်ကြားတို့ လမ်းပျက်တယ် ဟုတ်လား။
ကျုပ်တို့ လုပ်သားပြည်သူတွေနေတဲ့ ရပ်ကွက်တွေကို လမ်းခင်းပေးတာ။ အဲဒီရပ်ကွက်တွေထဲ ရေတွန်းလှည်းပဲ ဝင်တာ။
ဒါ အခြေခံကျတာပေါ့ဗျ။
ကြံ့ဖွတ်သည် ပြည်သူ့ပိုက်ဆံတွေဖြင့် ကပ်တရာတွေကိုဝယ်ကာ တဝက် စားသည်။
ထို့ကြောင့် လမ်းများတွင် ကပ် ၅ဝ သာ ကျန်တော့သည်။
လမ်းတံတားအင်ဂျင်နီရာက နောက်ထပ် စားသည်။
ကပ်တရာလမ်းသည် ကပ် ၂၅ သာ ကျန်တော့သည်။
ဒါကြောင့် ကွန်ဂရိလမ်းတွေကို ခင်းပြန်သည်။
မြန်မာအင်ဂျင်နီယာများဖြင့်သာ တံတားတွေ ဆောက်သည်။
မြန်မာကော်မရှင်ဖြင့်သာ ရွေးကောက်ပွဲ ကျင်းပသည်။
မောင်ဘချစ်တို့ ဘာလိုသေးလဲ။

x x x

မောင်ဘချစ်တို့ ရန်ကုန်မြို့ကြီး မီး တခါတခါလာသည်။
ရေတခါတခါ လာသည်။
ဒါကို မောင်ဘချစ်တို့က ကျေးဇူးတင်ရပေမည်။

“တို့နေပြည်တော်ကိုတော့ မတုနဲ့... ”

ခြင်္သေ့ကြီးက မပြောသော်လည်း ပြောဟန်ပြုသည်။
မင်းတုန်းမင်းကြီးလက်ထက် ဘယ်မှာ လမ်းမီးတွေ ရှိလို့လဲ၊ လျှပ်စစ်မီး တခါတခါရတာ ကျေးဇူးတင်ဖို့ ကောင်းသည် တဲ့ ..

x x x

မောင်ဘချစ်တို့ အကြွေလို့ သဘောထားသည့် ၁၀၀ တန် ၂ဝဝ တန်နဲ့ ၅၀၀ တန်တို့ဟာ ကျွန်သုတ်တဲ့ လက်သုတ်ပုဝါလို ဖာတရာနှင့်။
ထိုပိုက်ဆံတွေကို ဓာတ်ခွဲကြည့်လျှင် အီကိုလိုင်း၊ ဆစ်ဖလစ်၊ ဟိုက်ပါတိုက်တစ်ဘီပိုး။ အမျိုးမျိုး ရှိနေသည်ကို တွေ့ရသည်။
ပိုက်ဆံများသည် ပိုးမွေးရာပိုး ဖြန့်ဖြူးရာဌာန ဖြစ်သည်။
ရောဂါဖြစ်ရင်လည်း ရပါသေးသည်။
သာကဒိုး သေသွားလို့ပေါ့။
နို့မိုဆို စူလာနဖာနဲ့ ဗီးစပ်ရွက်တွေ တိုက်နိုင်သည်။
ထိုအရွက်များ နိဗ္ဗာန်ရွက်များဟု ခေါ်သင့်သည်။ ဘဝကူး ကောင်းသည်။
ခုလည်း ရောဂါကို မြန်မာတွေ မကြောက်ကြပါ။
ကွမ်းယာဆိုင်မှာ စပ်ဆေး သောက်လိုက်ရုံပင်။
ဆေးမရှိသော ဆေးရုံများကို ထားပေးထားသည်။
ရောဂါဖြစ်လာလို့ကတော့ ... အဲလေ ဘဝကူးကောင်းပါသည်။
x x x
ခြင်္သေ့ကြီးက ဆိုသည်။
မြန်မာ့စီးပွားရေး ဦးမော့လာပြီ၊ ဦးမော့မှာပေါ့၊ (ပဲ့နစ်သွားပြီကိုး။)
ခြင်္သေ့မိသားစုက ဆိုသည်။ “တို့ကတော့ ချမ်းသာပါသတဲ့”
သီချင်းထဲမှာ ပြောထားတာပဲ မဟုတ်လား။ တို့ဘိုးဘွား အမွေစစ်တွေလေ။
“အမွေကို ငါပိုင်၏” ခြင်္သေကြီးက ဆိုသည်။
မြေပေါ်မြေအောက် သယံဇာတများကို ရောင်းစားတာ ငါရဲ့လုပ်ပိုင်ခွင့်လေ။
ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္တာ … ဖားတွေ မြွေတွေမကျန် သူပိုင်သတဲ့။
x x x
ခုတလော ခြင်္သေကြီး ဓာတ်ပုံတွေကို တွေ့သည်။
သူ တရားတွေ ထိုင်သည်။
ဗုဒ္ဓဂယာတွင် ထိုင်သည်။ တရုတ်တွင်လည်း ထိုင်သည်။
ကောင်းလှောက်တေး။ ကောင်းလှောက်တေး။
သာဓုခေါ်ရပါ၏။
ခုမှတော့ အရှင်မထွက်နိုင်တော့။
အသေထွက်နဲ့သာ ထွက်သွားပါမည်။
သူထွက်တော့လည်း နောက်တကောင် တက်မှာပေါ့။
သူ မတက်မီက စောမောင် ...။
စောမောင် မတက်မီက မောင်မောင် ...။
မောင်မောင် မတက်မီက စိန်လွင်။
စိန်လွင် မတက်မီက နေဝင်း ...။
စစ်အာဏာရှင်တွေ အရင်ကလည်း အသေထွက် ခုတော့လည်း အားလုံး အသေထွက်ကုန်ပါပြီ။
သူထွက်တော့လည်း နောက်တကောင် ...
သူ့အရင်က တကောင် သူက တကောင် ...။ ။

Sunday, November 28, 2010

စာဖတ်သူမှပေးစာ - ဘာလဲဟဲ့မောင်စွမ်းရည်

ဆရာရေ
ရိုသေလေးစားစွာဖြင့် စာရေးတောင်းပန်အပ်ပါသည်။

ဆရာ၏ ဘာလဲဟဲ့ ဆောင်းပါးများကို အင်တာနက်ပေါ်တွင် ကြိုးကြားကြိုးကြား ဖတ်မိသော်လည်း အကုန်လုံးမဖတ်ဖြစ်ပါ။ ဘာလဲဟဲ့ ဆောင်းပါးများ စာအုပ်ထွက်လာ၍ ဆရာ့ထံမှ ကိုညွန့်သန်းနှင့်လူကြုံပါး စာအုပ်ကို ၂၀၀၇ခုနှစ်ခုထဲက ရရှိထားသော်လည်း တော်ရုံနှင့်မဖတ်ဖြစ်ဘဲ ကင်းဂျိရောစာအုပ်ဘာသာပြန်ပြီးကတဲက ကျမသိချင်နေသည့် ဗုဒ္ဓ၏ နိဗ္ဗာန်ရောက်ကြောင်းတရားနဲ့ လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကားရေး concept သဘောတရားတွင် မမြင်လိုက်သော မြုပ်နေသော ကွက်လပ် puzzle တခုကို တရားခွေတွေထဲ တရားစာအုပ်တွေထဲမှာ မဲရှာနေမိခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည် မလွတ်ခင် လူငယ်မျိုးဆက်သစ်များကို twitter ဖြင့် leverage လုပ်ရန် ထုတ်ပြောလာသောအခါ ဆရာ့စာအုပ်ကို ပြေးသတိရ၍ ဆုံးအောင် ဖတ်မိရလေတော့သည်။

ဆရာညွှန်းထားသော ကမ္ဘာပေါ်တွင် အစဆုံးသော လူ့အခွင့်ရေးခေါင်းဆောင်မှာ ဗုဒ္ဓဖြစ်သည် ဟု တိတိကျကျရေးထားသည်ကို ဖတ်ရသဖြင့် အလွန်သဘောကျမိပါသည်။ ရှာနေသော puzzle တွေ့သွားပါသည်။

ဆရာ့စာအုပ်သည် အရပ်သားသုံးသပ်ထားသော မြန်မာ့ဒီမိုကရေစီရေးဟုဆိုသော်လည်း ကျမအမြင်တွင် ဒီမိုကရေစီဘက်တော်သားတိုင်းကိုင်ရမည့် manual လက်စွဲစာအုပ်ဖြစ်သည်။

ဤစာအုပ်ကိုသာ အရေကျိုသောက်နိုင်ပါက လူတိုင်းသည် အရံဒေါ်စု၊ ကေဒါဒေါ်စု၊ ခေါင်းဆောင်ဒေါ်စုဟူ၍ တဖြေးဖြေးဘဝပြောင်းလာနိုင်ပါသည်။
ဘယ်သူက ဘယ်နေရာမှာ ဘယ်အချိန်မေးမေး လမ်းမပျောက်နိုင်တော့ပါ။

ကျမတို့ ဆရာညိုနှင့် နိုင်ငံရေးအကြောင်း စကားစမြီပြောကြရာ ဒီပြဿနာတွေ ဆရာစွမ်းစာအုပ်ထဲမှာ အဖြေရှိပြီးသားဟု ညွှန်းရပါသည်။
အထူးသဖြင့်-
အစထဲက မရိုးတဲ့ အစိုးရ
မဟုတ် မဟုတ် မဟုတ်….မီးရထား
နိုင်ငံရေး နဲ့ ပုဂ္ဂိုလ်ရေး
ဟီးရိုးဝေါရှစ်
ရန် နဲ့ ငါ
ဒေါ်စုအား စေတနာနှင့် အကြံပေးဝါဿနာပါကြသူ မြန်မာများ
Media ဘက်မလိုက်ခြင်းနှင့် အမှန်တရားဖော်ပြခြင်း
ဗုဒ္ဓဘာသာကြောင့် ဒီမိုကရေစီရေး နှောက်နှေးခြင်းမဟုတ် စသည်များ…
ကျေးဇူးတင်စွာဖြင့်-
ဋ္ဌေးဋ္ဌေးကြည်  ၁၁၊၂၇၊၂၀၁၀။

Saturday, November 27, 2010

Lord Buddha and Thanksgiving Day

အမေရိကရောက် စူးမာတို့မောင်နှမ၄ယောက်တွင် မကြည်တယောက်သာ နယူးယောက်ပြည်နယ်တွင်နေထိုင်၍ ကျန်၃ယောက်က ကာလီဖိုးနီးယားပြည်နယ်တွင်ဖြစ်သောကြောင့် ဒီနှစ် Thanksgiving Day ကျေးဇူးဆပ်သောနေ့မှာ ကိုညိုက စူးမာတို့အိမ်တွင် လူစုရန် စီစဉ်လေသည်။ ထုံးစံအတိုင်း အပါက ဘယ်မှမသွားသူဖြစ်၍ ကိုညိုနှင့်စူးမာသာ ဆုံဖြစ်လေသည်။ တပြည်နယ်ထဲဆိုသော်လည်း ကိုညိုသည် ကားဖြင့် ၆နာရီခရီးမောင်းလာရပြီး၊ ကိုညို့သားဂျွန်က ကွန်နက်တီကပ်ပြည်နယ်မှ လေယာဉ်ဖြင့်၇နာရီ လာရသည်။ ကိုညို့သမီးချစ်ဖူးက မလာနိုင်။ စူးမာသမီး လဲ့မွန်ကလည်း ဖလော်ရီဒါပြည်နယ်မှ ပြန်မလာနိုင်ပါ။

ထော်လာဂျီဖြင့်ချီတက်မည်

ဒေါက်တာမောင်ဘချစ်
သြဂုတ် ၁၄၊ ၂၀၁၀
တနေ့သ၌ အမျိုးကောင်းသား မောင်ဘချစ်သည် အင်္ကျီအဟောင်းတစ်ထည်ကို ထုတ်နေစဉ် သူကောင့်သား မောင်ဘသစ် ပေါက်ချလာသည်။
          ''ကိုဘချစ် ဘာတွေ တူးဖေါ်ရေး လုပ်နေတာလဲ။ ယာဒ်ဆေး (Yard Sale) က ဝယ်လာတာတွေလား''
          ''ဒီမှာကြည့်စမ်း ကိုဘသစ်ရေ … မြန်မာပြည်မှာ လုပ်သည်။ Made in Burma (Myanmar) တဲ့။  ထိုတံဆိပ်မျိုးကိုမမြင်ရတာကြပါပြီပဲ။
          ''ဟုတ်ပ။ (Made in China)   တရုတ်ပြည်မှာလုပ်သည် ကိုပဲ  မြင်နေကျဖြစ်နေတယ် မဟုတ်လား။ အရင်ကတော့ တရုတ်စက်ဆိုရင် တရက်စုတ် လို့ ပြောကြတယ်။ ခု ဒီမှာ တရုတ်တွေ အဲ တရုတ်ပစ္စည်းတွေ လူရာဝင်လာပြီ''
          ''အေးကွ၊ ဒီခေတ်မှာ တရုတ်လုပ်က လူတွေလက်ခံလာတဲ့ (Brand Name) ဖြစ်လာပြီကွ။ အေးလေကွာ … တို့နိုင်ငံကလည်း တရုတ်အားထား နေကြရတယ် မဟုတ်လား။ ''
          ''ကောင်းပါတယ်။ မောင်ဘချစ်တို့ ဘယ်တုန်းကမှ ပစ္စည်း များများစားစား မထုတ်လုပ်ခဲ့ပါဘူး။ မိတ်အင်ယလွတ် Made in Ywalut လို့  လူသိများခဲ့တဲ့ ဆေးတန်လောက်ပဲ ရှိခဲ့တယ်မဟုတ်ပါလား။ ဘီလူးကျွန်းက ဆေးတန်၊ ကျောက်သင်ပုန်း၊ မောင်ဗမာစက်ဘီးတွေနဲ့ မြန်မာပြည်ဟာ စက်မှုခေတ်ထဲကို ဝင်ဖို့ကြိုးစားခဲ့တာပဲကွ''

Wednesday, November 24, 2010

ပေးပေးပေး မပေးပေးပေး ငါ့ရွှေခွက်ပေး

မောင်ဘချစ်၊ မောင်ဘသစ် ဆွေးနွေးခန်း
ဒေါက်တာမောင်ဘချစ်
သြဂုတ် ၇၊ ၂၀၁၀
တနေ့သောအခါ ဝါရှင်တန်ဒီစီတွင် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီးမောင်ဘချစ်သည် ငယ်သူငယ်ချင်းမောင်ဘသစ်နှင့် ဆုံမိလေသည်။

မောင်ဘသစ်။             ။ခင်ဗျားကိုဘချစ်မဟုတ်လား။ အမေရိကန်ကိုဘယ်တုန်းကရောက်လဲ။
မောင်ဘချစ်။              ။ဟာ ကိုဘသစ်၊ မကြာသေးဘူးဗျ အဲလေကြာတော့ကြာပြီ။ ၊ ခင်ဗျားကော ယိုးဒယားမှာ ကြာနေသလား။

မောင်ဘသစ်။             ။ကြာတာပေါ့ဗျာ၊ ခင်ဗျားတို့နှိပ်စက်တာ အတော်ခံလိုက်ရတယ်။ ဒါနဲ့ကျုပ်ဘတ်၅ဝဝ ကို ပြန်ပေးဖို့ မကြိုးစားတော့ဘူးလား။
မောင်ဘချစ်။              ။ဘယ်တုန်းက ယူထားဘူးလို့လဲ။

မောင်ဘသစ်။             ။ခင်ဗျားပဲ ကျုပ် မြန်မာပြည်ကရောက်လာခါစ … ထိုင်းမှာ ဧည့်စာရင်းတိုင်ဖို့ ဆိုပြီး ဘတ် ၅ဝဝ ဘတ် သွားတာလေ။

Saturday, November 20, 2010

The Wave and Its Paradigm

ကျမသည် ဒေါက်တာမောင်ဘချစ် တိုက်တွန်းသဖြင့် (The Wave) ရုပ်ရှင်ကို ကြည့်ပြီး အောင်မြင် ကြီးထွားလာသော အဖွဲ့အစည်းများတွင် တွေ့ရလေ့ ရှိသည့် ပါရာဒိုင်း (Patten- ဂရိစကား) ကို စဉ်းစားနေမိပါသည်။
ဤပါရာဒိုင်းကို အသုံးပြုပြီး စီးပွားရေး နယ်ပယ်တွင် ဈေးကွက်
လက်ဝါးကြီး အုပ်နိုင်ကြသော ကုမ္ပဏီကြီးများ အကြောင်းကိုလည်း ဆက်စပ် တွေးနေမိပါသည်။
တကယ်တော့ ဒီပါရာဒိုင်းကို မြန်မာစစ်တပ်ကပဲ အသုံးချနိုင်တာ မဟုတ်ပါဘူး။

ဗုဒ္ဓရဲ့ သံဃအဖွဲ့အစည်းမှာလည်း ဒီပါရာဒိုင်းပါပဲ။
ဂျပန် လူမှုအဖွဲ့အစည်းမှာလည်း ဒီပါရာဒိုင်းပဲ။
ကွန်ဖြူးရှပ်ခေတ်မှာလည်း ဒီပါရာဒိုင်းပါပဲ။

Friday, November 19, 2010

အမေကိုလွမ်းကြသူများ

ဒေါက်တာမောင်ဘချစ် ၇၊၂၃၊၂၀၁၀။

''မောင်ဘချစ် မင်းက ဒီ ရောက်လာပြီလား''
''ရောက်လာလို့မင်းတို့တွေ့နေတာပဲ မဟုတ်လား''
''အမေကျော် ဒွေးတော်လွမ်းတယ် ဆိုတာ မင်းတို့ပေါ့''
''မဟုတ်ရပါ''
''ဒါဆိုရင်''
''ဒွေးတော်ဆီမှာ အမေကို လွမ်းနေကြတာပေါ့ကွာ”
''ဟား ဟား ဟား ..''
မောင်ဘချစ်သဘောကို ပြောလိုပါသည်။
လူသားမျိုးနွယ်စု အားလုံးသည် ဆွေမျိုးများသာ ဖြစ်ကြသည်။
လူသားမျိုးနွယ်စု သန်း ၆ဝဝဝ ကျော်ရှိပါသည်။
အမေရိကန်ကလူသားတွေလည်း အမျိုးတွေပါ။ တရုတ်က လူတွေလည်း လူသားတွေပါ။  (ဆွေမျိုးပေါက်ဖေါ်ပေါ့ဗျာ)။ အဆိုပါ ဆွေမျိုးပေါက်ဖေါ်များသည် မိမိနှစ်သက်ရာ ကမ္ဘာအနှံ့မှာ နေထိုင်ကြသည်။ ကူးလူးဆက်ဆံကြသည်။
(လူနှစ်ယောက်က မျောက်ဝံထံမှရသော အေအိုင်ဒီအက်စ်ဖြစ်ပေါ်စေသည့် အိပ်ခ်ျအိုင်ဗွီ
ဗိုင်းရပ်စ်သည် ၁ဝ နှစ် အတွင်း လူ သန်း တရာ နီးပါးကို ကူးသွားလေသည်။ လူသားတို့ ကူးလူးဆက်ဆံမှုသည် အံမခမ်း ဖြစ်သည်။ စကားချပ်)

Thursday, November 18, 2010

Book Review: George Orwell, "Animal Farm "


It was in 2005.
Han was 4th grader at Cherry Chase Elementary School. He had prepared all his writings in the academic year into a book as it to be ready for publish.
In Burma, we have the same that project experience when we do a term paper before graduate.
These are some of his writings. 

Meet the Author

Tuesday, November 16, 2010

ပြစ်မှု

ဒေါက်တာမောင်ဘချစ်
ဇူလိုင် ၁၅၊ ၂၀၁၀
(၁)
When you think of the long and gloomy history of man, you will find more hideous crimes have been committed in the name of obedience than have ever been committed in the name of rebellion. - C. P. Snow
လူတစ်ယောက်ရဲ့သမိုင်းကိုကြည့်လိုက်တဲ့အခါ လူတွေဟာ နာခံတယ် ဆိုပြီး ကျူးလွန်တဲ့ ပြစ်မှုတွေဟာ တော်လှန်တယ်ဆိုတဲ့ ပြစ်မှုတွေထက် ပိုများတာကို တွေ့ရပေမယ်။  - စီပီစနိုး
          မောင်ဘချစ်သည် စီပီစနိုး၏ ပြစ်မှုအကြောင်း ဖတ်ပြီးအလွန်အမင်း ကြောက်လန့်သွားတော့၏။
          မြန်မာစကားရှိသည်။
          ဆိုရေးရှိက ဆိုအပ်စွ၏ တဲ့။
          ဆိုရေးရှိသည့်အခါ မဆိုလျှင် အပြစ်ပါပဲလား။
မြန်မာဆုံးမစာတွေထဲမှာလည်း ပါသည် (ကန်တော်မင်ကျောင်း ဆရာတော်ရေးသည် ဟု ထင်သည်)
          ငယ်ရွယ်က မဆုံးမလျှင် မိဘများသည် (မိဘတလည်) ရန်သူမည်၏ ဟုဆုံးမထားသည်ကိုကြားဖူးပါသည်။
          သူပြောသည့် ပြစ်မှု ဘာက ပြစ်မှုလဲ။
          မပြောလျှင်ပြစ်မှု၊ လုပ်သင့်တာကို မလုပ်လျှင် ပြစ်မှု။
          ဒါဆိုလျှင် ''မလုပ် မရှုပ် မပြုတ် ''သည်လည်း ပြစ်မှုပင် ဖြစ်လေတော့သည်။

Sunday, November 14, 2010

Memory of Nyo Family

Dear Daughter and Son: ဖူးနှင့်ဂျွန်သို့

As you have seen that on TVs,  Daw Aung San Suu kyi has been released  on Saturday.  World leaders, Religious leaders, the celebrities, Rock Stars and  ten of thousand of her supporters around the world, welcome the release of Daw Suu.  It was a great news for the people.  This morning Secretary Clinton said that " I join with billions around the world to welcome long-overdue release of Aung San Suu Kyi" .  Yes It was long over due, not only but she should not been arrested at all.   Anyway on the evening  I was at the gate of her resident (through my computer) together with other supporters from Rangoon and around the world.  People have been there for since in the morning,  waiting and waiting for all day long,  at 5:25 PM local time the three official cars entered the compound, but one of the officers gave smile to the people. 

Saturday, November 13, 2010

Let's tweet to follow Daw Aung San Suu Kyi

Online ပေါ်တွင်ဖြစ်သည်။

“ ဟေ့ စာကလေး(အောင်ကျော်ဦး)”
“ဟ စူးမာ နင်တို့ နေကောင်းကြလား”
“အေး။ နင် ခု ဘာလုပ်နေတာတုန်း”
 “အော် တနေ့က ဒေါ်စုပြောလိုက်လို့ twitter ဆိုတာ ဘာလဲလို့ လာတက်ရှာကြည့်တာ။”
“နင်ကတော့ အမြဲ update ဖြစ်ချင်နေတယ်။ ကောင်းတယ် ကောင်းတယ်။”

“လုပ်စမ်းပါအုံး ဘာလဲ တွစ်တာ ဆိုတာ။”
“အော် သူ့အခြေခံသဘောတရားက-
ကြက်မကြီးနဲ့ ကြက်ကလေးတွေ အစာရှာလို့နေ
သမီးရေလာခဲ့ လာခဲ့  သားရေ လာခဲ့ လာခဲ့
စားလှည့် သောက်လှည့် …..သီချင်းထဲကလိုပေါ့။
ကြက်မကြီးက tweet လိုက်ရင် ကြက်ကလေးတွေကလေဲ retweet ဆိုပြီး update ဖြစ်ပြီး အစာနားရောက်လာသလိုပေါ့ဟာ။”  

Tuesday, November 9, 2010

နည်းနည်းလေးတော့ လွဲနေတယ်

ဒေါက်တာမောင်ဘချစ်
ဇူလိုင် ၉၊ ၂၀၁၀
          မောင်ဘချစ်တို့မြန်မာလူမျိုးသည် ထောင်ကိုအင်မတန်ကြောက်သည်။
          ရွာဘုရားပွဲများတွင် ထိပ်တုံးတွေကိုတွေ့ဖူးသည်။ ဘုရားပွဲဖျက်သူ၊ မူးသူရမ်းသူများအတွက် ထိပ်တုံးများသည် ကြောက်စရာ ကောင်းသေးသည်။
          ထိပ်တုံးပြီးတော့ ၊အချုပ်။ နောက်တော့ထောင်ဖြစ်သည်။
          မောင်ဘချစ်သည် “ထောင်အပြင်တန်းမရှိဘူး” ဆိုသည့်စကားအားမောင်စွမ်းရည်အားမေးဖူးသည်။
          ''ဒါယောက်ျားလေးတွေကို ပြောတာကွ၊ မိန်းခလေးတွေအတွက်တော့ တန်းရှိတယ်''ဟုပြောပြသည်။
          ''အဲဒီအတန်းက..''

Friday, November 5, 2010

တခါ တခါတော့ ဟောင်ချင်သေးသည်

ဒေါက်တာမောင်ဘချစ်
ဇွန် ၂၈၊ ၂၀၁၀

          အေးချမ်းသောဆောင်းရာသီညချမ်းတွင် ကျွန်တော် မောင်ဘချစ်သည်ကံဆိုးလှစွာ ''နဂါးနီစားသောက်ဆိုင်'' သို့ရောက်သွားမိရာမှ ဇာတ်လမ်း စတင်လာရသည်၊
          ''ဟေ့ … ဖိုးချစ်။ မင်းမြန်မာပြည်က ဘယ်တုန်းကရောက်လဲ''
          ''ဟင် … ကိုကျော် ''
          လှည့်ကြည့်လိုက်သောအခါ မောင်ဘချစ်အား ဖိုးချစ်ဟု ခေါ်သော  အချစ်ဆုံးသူငယ်ချင်း ဟင်္သာတသား ကိုကျော့်ကို တွေ့ရလေသည်။ သူက မောင်ဘချစ် ထိုင်နေသောစားပွဲတွင် ဝင်ထိုင်ရင်း မေးလိုက်ခြင်း ဖြစ်သည်၊
           '' ဟုတ်တယ် ကိုကျော် ။ ကျွန်တော် ရောက်တာ တစ်လလောက် ရှိပြီ”  
                 ''အေး … ရောက်တုန်း ပေါက်တုန်း အေးအေးဆေးဆေးနေပေါ့''

Thursday, November 4, 2010

Vuvuzela Blower - အာဖရိကထရမ်းပက်နှင့် မြန်မာ့နှဲကြီးများ

ဒေါက်တာမောင်ဘချစ်
ဇွန်၂၅၊၂၀၁၀

         အာဖရိကနှဲဟု ပြောနိုင်သည့် Vuvuzela blower ထရမ်းပက်အကြောင်း အများက စိတ်ဝင်စားနေသည့် ကာလမှာ ဆရာရန်ဝင်း(တောင်တံခါး)၏ မြန်မာ့နှဲအကြောင်း ဖတ်ရတော့ ဝမ်းသာလှသည်။ မျိုးချစ်စိတ်တွေ ဝေဝေဆာဆာနှင့် ရေးထားသည့် မြန်မာ့နှဲအကြောင်းပါ။ နှဲသည် ယနေ့ဧည့်ခန်းတွင် လှလှပပ ချိတ်ဆွဲထားကြရုံသာမက ဇာတ်ပွဲများ အရပ်များတွင် သုံးနေဆဲ ဖြစ်သည်။ သားစိုး၏ ရောသမမွှေတွင် နတ်သံနှောသည့် နှဲသံ မြိုင်မြိုင် ကြားနေရသေးသည်။
သို့သော် နှဲတွေကို ကက်ဆီယို(Casio) က အနိုင်ယူသွားသည်ကို တွေ့ခဲ့ရသည်။

Tuesday, November 2, 2010

You are Special : အဖေများသို့

၁၉၇၈ခုနှစ်လောက်က ဖြစ်မည်ထင်သည်။
အဲဒီအချိန်က ကျမသည် အသက် ၂၂နှစ်။ ဘွဲ့ရပြီး အဖေ့ကုမ္ပဏီမှာဘဲ စာရင်းကိုင်အဖြစ် အလုပ်လုပ်နေသည်။

မောင်ထော်လေးလမ်းရှိ ကုမ္ပဏီရုံးခန်းတွင် ကိုမောင်လေး(ခင်မောင်ကြည်)တို့မိသားစု နေထိုင်ကြပြီး
ကိုမောင်လေး၏ ဒုတိယသား မောင်ညီပုသည် ၃နှစ်ခန့် ရှိနေပြီဖြစ်သော်လည်း ကြုံလှီလျှက်
ဆော့ကစားခြင်းနဲပါးလေသည်။ ဒါကြောင့်လည်း မောင်ညီပုဟု တွင်နေရခြင်းဖြစ်သည်။
သူ့နာမည်ရင်းမဟုတ်ပါ။

Monday, November 1, 2010

မြန်မာစစ်မျက်နှာ (၁)

ဒေါက်တာ အိနာဂခိ တဲရှဆုကဲ

နောက်ခံအကြောင်းအရာ

ဂျပန်တို့ မြန်မာပြည်ကိုသိမ်းရခြင်း အဓိကရည်ရွယ်ချက်မှာ ရန်ကုန်ဆိပ်ကမ်းကိုသုံး၍ တရုပ်ပြည်စစ်မျက်နှာကို အားဖြည့်လိုခြင်းဖြစ်သည်။ 
သို့ရာတွင် ဂျပန်တို့သည် အရှေ့တောင်အာရှရှိ ဗြိတိသျှကိုလိုနီ မလေးရှားနှင့် အမေရိကန်ပိုင်နက်
ပုလဲဆိပ်ကမ်းကိုပါ တပြိုင်နက် စစ်ခင်းသဖြင့် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ရလေတော့သည်။