Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Monday, November 1, 2010

မြန်မာစစ်မျက်နှာ (၁)

ဒေါက်တာ အိနာဂခိ တဲရှဆုကဲ

နောက်ခံအကြောင်းအရာ

ဂျပန်တို့ မြန်မာပြည်ကိုသိမ်းရခြင်း အဓိကရည်ရွယ်ချက်မှာ ရန်ကုန်ဆိပ်ကမ်းကိုသုံး၍ တရုပ်ပြည်စစ်မျက်နှာကို အားဖြည့်လိုခြင်းဖြစ်သည်။ 
သို့ရာတွင် ဂျပန်တို့သည် အရှေ့တောင်အာရှရှိ ဗြိတိသျှကိုလိုနီ မလေးရှားနှင့် အမေရိကန်ပိုင်နက်
ပုလဲဆိပ်ကမ်းကိုပါ တပြိုင်နက် စစ်ခင်းသဖြင့် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ရလေတော့သည်။

၁၉၄၁ခု နိုဝင်ဘာလ ၉ရက်နေ့တွင် မြန်မာစစ်မျက်နှာအတွက် ခြေလျင်တပ်မဟာအမှတ် ၂၅
(25th Infantry Division)မှ တိုင်ဝမ်စစ်မျက်နှာ အတွေ့အကြုံ ရှိသော ဒုတိယဗိုလ်ချုပ်ကြီး
ရှိုးဂျိရော အီအီဒါကို ခေါ်ယူ၍ ခြေလျင်တပ်မဟာအမှတ် ၁၅(15th Infantry Division Corp)ကို
အသစ်ဖွဲ့စည်းစေသည်။
ဤတပ်မဟာအောက်တွင်  ဂျပန်ဧက္ကရာဇ်ကြည်းတပ်မတော် (Imperial Japanese Army)မှ
ခြေလျင်တပ်မဟာအမှတ် ၃၃(33rd Infantry Division) နှင့် ခြေလျင်တပ်မဟာအမှတ် ၅၅
(55th Infantry Division) တို့ပါဝင်လာ၏။

Independent Light Weight Infantry 51st Battalion
သီးခြား အပေါ့စားခြေလျင်တပ်ရင်း အမှတ် ၅၁
(Burma Area of Detachment Army 3751)
(မြန်မာပြည်စစ်မျက်နှာ အရန်တပ်မတော်အမှတ် ၃၇၅၁)

အရန်တပ်အတွက် ပြန်လည်ဖွဲ့စည်းခြင်း

၁၉၄၁ခုနှစ် နိုဝင်ဘာလ၂၆ရက်နေ့တွင် မြန်မာစစ်မျက်နှာ အရန်တပ်အတွက် ပြန်လည်
ဖွဲ့စည်းသောကြောင့် ကျွန်တော်သည် အပေါ့စားခြေလျင်တပ်မပေါင်းစုအမှတ် ၁၃
(ခြေမြန်အရန်တပ်ရင်း အမှတ်၃၊ နဂိုယာ)တွင် ပါဝင်လာခဲ့သည်။
ဤတပ်မပေါင်းစုသည် သီးခြားဖြစ်ပြီး တပ်ရင်းအမှတ် ၅၁အောက်တွင် မြင်းတပ
(Cavalry) ၆ခုစီ ပါဝင်သည်။
ကျွန်တော်သည်  ဒုတိယဆရာဝန် အဖြစ်လိုက်ပါရခြင်းဖြစ်သည်။

အရန်ခြေမြန်တပ်တွင် ဒုတိယအကြိမ် လိုက်ပါခြင်း

တပ်ရင်းမှုးဗိုလ်မှုး တိုမီအို မီကာမိသည် ပိန်ပိန်သွယ်လျလျ နှုတ်ခမ်းမွေးးနှင့် ပင်ကိုယ်ကလည်းစစ်သားဖြစ်ရာ စည်းကမ်းတင်းကျပ်လေသည်။ တပ်သားအများစုမှာ ကြေးစားတပ်သားများဖြစ်ပြီး မန်ချူးစစ်ပွဲ၊ တရုတ်-ဂျပန်စစ်ပွဲ အတွေ့အကြုံရှိပြီးသူ အသက်ကြီးသူများပါဝင်၏။
စစ်အတွေ့ကြုံမရင့်ကျက်သေးသော အရန်တပ်သားငယ်များလည်း တစ်ထောင်ကျော်ခန့်ပါဝင်၏။

ကျွန်တော်တို့သည် အမိန့်တခွန်းထဲဖြင့် တပ်သားအသစ်များကို အရေအတွက်မှန်အောင်
စစ်နိုင်သော်လည်း၊ ကောင်ရေ၂၀၀၀ နီးပါးရှိသောမြင်းများကို အရေအတွက်မှန်အောင်
ကောက်ရသည်မှာ အလွန် လက်ဝင်ခဲ့လေ၏။

ဤသို့ဖြင့် ကိုယ်ထိန်းကျောင်းလေ့ကျင့်ခဲ့ရသော မြင်းများနှင့် သခင်တို့၏ ခွဲခွာရမည့် အချိန်သို့ရောက်လာရာ ကျွန်တော့ရင်မှာမချိတင်ခဲဖြစ်ရပြန်လေသည်။

ကျင့်ထားသောမြင်းကိုဆွဲ၊ မချိတင်ခဲ
လိုင်းကတရွေ့ရွေ့၊ ခွဲခွာရသောနေ့။

No comments:

Post a Comment