Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Saturday, November 13, 2010

Let's tweet to follow Daw Aung San Suu Kyi

Online ပေါ်တွင်ဖြစ်သည်။

“ ဟေ့ စာကလေး(အောင်ကျော်ဦး)”
“ဟ စူးမာ နင်တို့ နေကောင်းကြလား”
“အေး။ နင် ခု ဘာလုပ်နေတာတုန်း”
 “အော် တနေ့က ဒေါ်စုပြောလိုက်လို့ twitter ဆိုတာ ဘာလဲလို့ လာတက်ရှာကြည့်တာ။”
“နင်ကတော့ အမြဲ update ဖြစ်ချင်နေတယ်။ ကောင်းတယ် ကောင်းတယ်။”

“လုပ်စမ်းပါအုံး ဘာလဲ တွစ်တာ ဆိုတာ။”
“အော် သူ့အခြေခံသဘောတရားက-
ကြက်မကြီးနဲ့ ကြက်ကလေးတွေ အစာရှာလို့နေ
သမီးရေလာခဲ့ လာခဲ့  သားရေ လာခဲ့ လာခဲ့
စားလှည့် သောက်လှည့် …..သီချင်းထဲကလိုပေါ့။
ကြက်မကြီးက tweet လိုက်ရင် ကြက်ကလေးတွေကလေဲ retweet ဆိုပြီး update ဖြစ်ပြီး အစာနားရောက်လာသလိုပေါ့ဟာ။”  


email တို့ facebook တို့ blog တို့လိုဘဲ သူ့မှာစီးဆင်းနေတဲ့ ဆက်သွယ်ရေး လမ်းကြောင်း၂ခုရှိတယ်။ following (from) ကိုယ်သတင်းရချင်တဲ့ အဖွဲ့အစီး၊ လူပုဂ္ဂိုလ်တွေအုပ်စုနဲ့ ကိုယ့်ကိုခ်ျိတ်ထားတဲ followers (to) အသိုင်းအဝိုင်းလေးပေါ့။ ဒီအသိုင်းအဝိုင်းထဲမှာ သတင်းတိုလေး(text message 140 words)တွေကို  smart phone ထဲ twitter account ထဲ ဖြန့်ပေးတာ။ သူက မြန်မြန် ဖြန့်နိုင်တယ်။ ချက်ချင်းပေါ်တယ်။ smart phone ဆိုရင် twitter account ကို ထပ်ဖွင့်ကြည့်စရာမလိုတော့ဘူး။
ဖုံးထဲကိုပါ ထည့်နိုင်တာဆိုတော့ online/off line သွားရင်းလာရင်းနဲ့ အသိုင်းအဝိုင်းတခုလုံးကို အရေးကြီးတဲ့ သတင်းတွေကို ချက်ချင်း information update နိုင်တာပေါ့။ ကွန်ပြူတာနားမှာဘဲ နေစရာမလိုတော့ဘူး။
ကိုယ်အသေးစိတ်သိချင်တဲ့ သတင်း အစုံအလင်လိုချင်ရင်တော့ သူရဲ့ link ကို ဆက်ပြီးဖတ်လိုက်ရုံဘဲ။
မသိချင်ဘူးဆိုရင်လည်း ခေါက်ထားလိုက်ရုံဘဲ။
ကိုယ်ကအရေးတကြီး ပြောချင်တာဆိုရင်လဲ ကိုယ့်အသိုင်းအဝိုင်းတခုလုံးကို စက္ကန့်ပိုင်းအတွင်း တပြိုင်တည်းပြောလို့ရသွားတာပေါ့။

နင်က မနက်ဖန် မန္တလေးကျောင်းက မဘုတ်ဆုံတို့အလှုသွားမလို့ တစ်ချက်ရိုက်လိုက်ရင် နင့်ကို followers ချိတ်ထားတဲ့လူတွေထဲက မဘုတ်ဆုံကို ဒါနမြောက်အောင် ချီးမြှောက်ချင်သူတွေပါ ဆွမ်းစားချိန်ကျတော့ ရောက်လာတာမျိုးပေါ့။ နင်က လမ်းသွားရင်း လော်စပီကာနဲ့ အော်လိုက်သလိုပေါ့။ မဘုတ်ဆုံတော့ ထမင်း ဟင်း သာလောက်အောင်ချက်ထားပေတော့။”

“ဟင် ဒါဆိုရင် မဖိတ်ချင်တဲ့လူလဲ ရောက်လာနိုင်တာပေါ့။”
“အေး facebook တို့ blog တို့လိုဘဲ ကိုယ်က အစထဲက followers ကို ရွေးပြီး လက္ခံထားရတာပေါ့။
ဒါပေမဲ့ followers’ followers  ကနေ သတင်းတွေပြန့်သွားနိုင်သေးတယ်။ ဒါကြောင့် twitter က နင့်လက်ထဲမှာ အသံမထွက်သော အသံလွှင့်ဋ္ဌာန ရှိနေတာနဲ့ပိုတူတယ်။ တကမ္ဘာလုံးပြန့်သွားနိုင်တယ်။

ပြီးတော့ ကိုမဲတုံး နီနီသန်းကို ခိုးပြေးတုန်းက ဘကြီးကြူးက ရေးဘူတာရုံဘက်ကို လိုက်ရှာနေပြီလို့ tweet လိုက်ရင် ပြေးလို့လွတ်နိုင်တာပေါ့။”

“ဟား ဟား ဟား။ နင် တော်တော် အပြောကောင်းတယ်။ နင် ပြောတာနဲ့ ငါလဲ  မြတ်စွာဘုရား တာဝတိသာ တက်ပြီး တရားဟောတာ သွားသတိရတယ်။”
“ဘာဆိုင်လို့လဲ။”

“မြတ်စွာဘုရားက တာဝတိသာမှာ နတ်တွေကို ပဋ္ဌာန်းတရားတော် ဟောနေတုန်းမှာဘဲ လူ့ပြည်က ရှင်သာရိပုတ္တရာကို ပြန်ပြီး ကျဉ်းကျဉ်းလေးဟောတယ်။
ရှင်သာရိပုတ္တရာရဲ့ ဥာဏ် အခံဓါတ်က အားကောင်းတော့ နားလည်ပေမဲ့ အဲဒါကို ရဟန်း၅၀၀ ကိုပြန်ဟောတော့ မကျဉ်းမကျယ် ပြန်ဟောပေးရတယ်။
ငါတို့လိုလူတွေ နားလည်ဖို့ကျတော့ သံဃာတော်တွေက တော်တော်ကို အကျယ်တဝင့် ပြန်ရှင်းရတယ်လေ မှတ်မိလား။”
“အေး အဲဒါဘာဖြစ်လဲ။”

“မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို tweet လုပ်ပြီး သူ တာဝတိသာမှာ ဟောတဲ့တရားကို update လုပ်ထားတာကို ငါတို့က သံဃာတော်တွေ တဆင့်တဆင့်ထံကနေ link ထပ်ဖွင့်မှ နားလည်တဲ့သဘောပေါ့။”
“Exactly ဟုတ်တယ် ဟုတ်တယ်။ ပါရဒိုင်း ကအတူတူဘဲ။”

“အင်း အမျှော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေ၊ ကုမ္ပဏီဥက္ကဋ္ဌတွေ၊ အနဲဆုံး မိဖတွေဟာ သူ့နောက်လိုက်တွေ၊ သူ့မျိုးဆက်သစ်တွေကို သူရဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေကို မျှဝေဖို့ leverage လုပ်ဖို့ အမြဲ သတိ ရှိကြတယ်နော်။ ဒါကြောင့်လည်း မြတ်စွာဘုရားရဲ့ သာသနာတော်ကြီးဟာ ကျစ်ကျစ်လစ်လစ် သိပ်သိပ်သည်းသည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ တည်တံ့နေတာကိုး။”
“အေး ငါတို့က ကိုယ့်ကိုယ်ကိုသာ update လုပ်ဖို့သတိရတယ်။ သားသမီးတွေကို leverage လုပ်ဖို့ကျတော့ မေ့နေတယ်။
၂၀၀၈ ခုနှစ် Hillary Clinton campaign လုပ်တုန်းကဆိုရင် Bill Clinton သာမက သူ့သမီး Chelsea ပါ တနိုင်ငံလုံးမှာရှိတဲ့ သူ့ကောလိပ် networking နဲ့ အင်တိုက်အားတိုက် စည်းရုံးရေးဆင်းခဲ့တာ အားလုံး လက်ဖျားခါရတယ်။”

“ဒေါ်စုက twitter သုံးပြီး ငါတို့ကို ကမ္ဘာကြီးနဲ့အမှီ မြုပ်နေတဲ့ အင်အားတွေ မြှင့်တင်ဖို့ နှိုးဆော်လိုက်တာဘဲဟ။
၂၀၀၉ခုနှစ် အီရန်ဆန္ဒပြပွဲတွင်twitter များက တနေ့လျှင် သတင်းတစ်သိန်းကျော်ကို တရက်လျှင် ၈၀၀၀ကျော် tweet ခဲ့ကြသည်။

 ဒါပေမဲ့ ငါတို့မှာ smart phone ရှိနေမှ ရမှာပေါ့။”
“ဟင့်အင်း internet ရှိရင် အင်တာနက် ဆက်လို့ရတဲ့ ဖုံးရှိရင်လည်း စ tweet လို့ရပြီ။ ကမ္ဘာကြီးက နင့်နောက်ကို အတင်းလိုက်ပြီး free သတင်းထည့်ပေးနေတယ်။ account သာ ဖွင့်ထားလိုက်ပေတော့။”

မေနှင်းလဲ့မွန် ၁၁၊၈၊၂၀၁၀။

No comments:

Post a Comment