Greetings

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဘယ်တော့ပြန်ဆုံနိုင်မယ် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောခွင့်ရနိုင်မယ်လို့ မှန်းဆလို့ မရနိုင်လောက်အောင် ဒီကမ္ဘာကြီးက ပိုပြီးကျယ်ဝန်းလာ အလုပ်တွေပိုရှုတ်လာ အသစ်အသစ်သင်စရာတွေက နေ့တိုင်းပေါ်ပေါ်လာလို့ ကျမတို့မိသားစုရဲ့ သတင်းလွှာများကို ကြုံကြိုက်သလို ဒီက ဒိဗစက္ကု အတုနဲ့ဘဲ ဝင်ကြည့်တော်မူကြပါ။

အထူးသဖြင့် အတူနေသော်လည်း အဝေးသို့ အာရုံပြုနေကြရသော သားသမီးများကို မှာစရာရှိတာတွေကို ဒီကနေဘဲ မြန်မာလို မှာထားလိုက်ပါတယ်။ သိပ်မကြာခင်အချိန်အတွင်းမှာ မြန်မာဘာသာဟာလည်း အင်္ဂလိပ်လိုပြောင်းလဲ ဖတ်နိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Saturday, November 27, 2010

Lord Buddha and Thanksgiving Day

အမေရိကရောက် စူးမာတို့မောင်နှမ၄ယောက်တွင် မကြည်တယောက်သာ နယူးယောက်ပြည်နယ်တွင်နေထိုင်၍ ကျန်၃ယောက်က ကာလီဖိုးနီးယားပြည်နယ်တွင်ဖြစ်သောကြောင့် ဒီနှစ် Thanksgiving Day ကျေးဇူးဆပ်သောနေ့မှာ ကိုညိုက စူးမာတို့အိမ်တွင် လူစုရန် စီစဉ်လေသည်။ ထုံးစံအတိုင်း အပါက ဘယ်မှမသွားသူဖြစ်၍ ကိုညိုနှင့်စူးမာသာ ဆုံဖြစ်လေသည်။ တပြည်နယ်ထဲဆိုသော်လည်း ကိုညိုသည် ကားဖြင့် ၆နာရီခရီးမောင်းလာရပြီး၊ ကိုညို့သားဂျွန်က ကွန်နက်တီကပ်ပြည်နယ်မှ လေယာဉ်ဖြင့်၇နာရီ လာရသည်။ ကိုညို့သမီးချစ်ဖူးက မလာနိုင်။ စူးမာသမီး လဲ့မွန်ကလည်း ဖလော်ရီဒါပြည်နယ်မှ ပြန်မလာနိုင်ပါ။
Thanksgiving Day သည် မြန်မာပြည်မှ သီတင်းကျွတ်လပြည့်နေ့နှင့် သဘောတရားတူလေ၏။
၁၆၂၀ခုနှစ်တွင် အမေရိကတိုက်သို့ မေဖလားဝါးရွက်သင်္ဘာဖြင့်လာကြသော အင်္ဂလိပ်ဘာသာရေးခရီးသည်များမှ စတင်ခဲ့သော ယဉ်ကျေးမှုဖြစ်သည်။ ၄င်းတို့သည် မှန်းထားသည့်အတိုင်း ဗာဂျီးနီးယားပြည်သို့ မရောက်နိုင်ဘဲ မက်ဆာချူးဆက်ပြည်နယ် ပလီးမစ်သ်တွင် ရောဂါရပြီး အငတ်ဘေးကြုံကာ အတော်ဒုက္ခရောက်ကြရ၏။ ဤတွင် ဒေသခံ အင်းဒီယန်းများက အစာရေစာများပေးခြင်း စိုက်ပျိုးနည်းသင်ပေးခြင်း၊ ဆေးဘက်ဝင်အပင်များပြသခြင်းဖြင့် ကူညီစောင့်ရှောက်ခဲ့သည်။ ၁၆၂၁ခုနှစ် ပထမဆုံးကောက်သစ်ပေါ်ချိန်တွင် အင်္ဂလိပ်ဘာသာရေးခရီးသည်များက ကျေးဇူးဆပ်သောအားဖြင့် အင်းဒီယန်းများကိုဖိတ်၍ ချက်ပြုတ်လှုဒါန်းကျွေးမွေးလေသည်။
ဤအစဉ်အလာကို ၁၈၆၃ခုနှစ်တွင် သမ္မတလင်ကွန်းက နှစ်စဉ် နိုဝင်ဘာလ၏နောက်ဆုံးကြာသပတေးနေ့ကို Thanksgiving Day တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေသည်။
Thanksgiving Day ကို အခြားနိုင်ငံများမှာလည်း မိမိတို့၏ ကောက်သစ်ဦးပေါ်သည့် ရာသီအလိုက်သော်၎င်း ယဉ်ကျေးမှုအရသော်၎င်း ကျင်းပကြလေသည်။  
၂၀၀၀ခုနှစ်တွင် ဤယဉ်ကျေးမှုအစဉ်အလာကောင်းကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက International Thanksgiving Year အဖြစ် သတ်မှတ်ဂုဏ်ပြုပေးခဲ့လေသည်။
တကယ်တော့ ကမ္ဘာတွင် အစောဆုံး Thanksgiving အစဉ်အလာကို စတင်ခဲ့သူမှာ ဗုဒ္ဓမြတ်စွာဘုရား ဖြစ်လေသည်။
မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူပြီးသည့်နောက် သူ၏ဆရာများဖြစ်ကြသော အာဠာရနှင့် ဥဒကတို့ကို မျှဝေရန် ဦးစွာသတိရလေသည်။ သို့သော် သူ့ဆရာများသည် တရားတော်ကို နာကြားလို့မရနိုင်သော အရပ်သို့ ရောက်နေကြရှာလေပြီ။
၎င်းနောက် သတင်းသုံးဖော်များဖြစ်ခဲ့ကြသော ပဉ္စဝဂ္ဂီ၅ဦးအား သစ္စာ၎ပါးတရားတော်ကို ကျေးဇူးဆပ်သောအားဖြင့်၎င်း၊ မိမိသိသောတရားတို့ကို ပွားစည်းရန်အလို့ငှာ လက်ဆင့်ကမ်းမျှဝေသောအားဖြင့်၎င်း ဟောကြားလေသည်။
မြတ်စွာဘုရားမျှဝေသောအရာသည် ရုပ်ဝတ္တုပစ္စည်းမဟုတ်။ သဒ္ဒါ သမာဓိ ပညာဥာဏ်ဖြင့်သာ ခံယူနိုင်သည့်အရာဖြစ်၍ မိမိ၏ခမည်းတော် မယ်တော်၊ မိသားစုဝင်များ၊ ဆွေတော်မျိုးတော်များကို မျှဝေရန် သဒ္ဓါ ဝီရိယ သမာဓိ ပညဣနြေ္ဓ တရားများ ရင့်သန်လာရန် အချိန်စောင့်ရလေသည်။
လူ့သက်တမ်းသည် အလွန်တိုတောင်းလှသဖြင့် မြတ်စွာဘုရားသည် အချိန်မဆိုင်းဘဲ ပထမတရားဦး ဟောပြီးချိန်မှစ၍ သာသနာတော်တည်တံ့ရန်နှင့် မျိုးဆက်များအဆက်မပြတ်စေရန် သံဃာ့အဖွဲ့အစည်းကို recruit စုဆောင်းလေတော့သည်။
မြတ်စွာဘုရားနှင့် တချိန်တည်း သံဃာတော်များကလည်း သစ္စာ၎ပါးတရားတော်ကို နေရာအနှံ့ လူအများအားမျှဝေ သံသရာတွင်းမှ ဆွဲထုတ်ခဲ့လေသည်။

ထိုနည်းတူစွာ ဒီမိုကရေစီအရေးသည် လက်ဖြင့်ခံယူနိုင်သောအရာမဟုတ်ပါ။
ဒီမိုကရေစီသဘောတရားသည် ဒေါ်စုရှိမှ ဒေါ်စုပြောမှ ကျင့်ရမည့်တရားလည်းမဟုတ်ပါပေ။

အပြောင်းအလဲလိုချင်လျှင် ကျမတို့အားလုံးပြောင်းမှရမှာ။
လွန်ခဲ့သော ၁၅နှစ်ကလည်း ဒီ message။ အခုလည်း ဒီ message။ နောင်လဲ ဒီ message ပဲပေးမှာဘဲ။

ဒေါ်စုသည် လူ့သက်တမ်း၏နောက်ဆုံး quarter အပိုင်းတွင်ရှိနေလေပြီ။

ဒေါ်စု၏ကိုယ်ပွား ဒီမိုကရေစီတပ်သားများသည် မိမိတို့ ရရှိနှင့်ပြီးသော ယုံကြည်ချက်၊ ဗဟုသုတ၊ နည်းပညာ၊ သံန္နိဋ္ဌာန်ဖြင့်ပင် ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်မိသားစုအတွင်း (သို့) အနဲဆုံး မိမိကိုယ်ကို ပြောင်းလဲကျင့်ကြံနိုင်ခဲ့ကြလျှင်ဖြင့် ဒီမိုကရေစီသာသနာကြီး ထွန်းကားလာနိုင်မည်ဖြစ်ပါသည်။

ထလော့မြန်မာ အိုမြန်မာတို့
ကိုယ်စွမ်းကိုယ်စ ပြကြပါစို့။

No comments:

Post a Comment