၁၉၇၈ခုနှစ်လောက်က ဖြစ်မည်ထင်သည်။
အဲဒီအချိန်က ကျမသည် အသက် ၂၂နှစ်။ ဘွဲ့ရပြီး အဖေ့ကုမ္ပဏီမှာဘဲ စာရင်းကိုင်အဖြစ် အလုပ်လုပ်နေသည်။
မောင်ထော်လေးလမ်းရှိ ကုမ္ပဏီရုံးခန်းတွင် ကိုမောင်လေး(ခင်မောင်ကြည်)တို့မိသားစု နေထိုင်ကြပြီး
ကိုမောင်လေး၏ ဒုတိယသား မောင်ညီပုသည် ၃နှစ်ခန့် ရှိနေပြီဖြစ်သော်လည်း ကြုံလှီလျှက်
ဆော့ကစားခြင်းနဲပါးလေသည်။ ဒါကြောင့်လည်း မောင်ညီပုဟု တွင်နေရခြင်းဖြစ်သည်။
(ကျမတို့နိုင်ငံ၏ မြို့ပြတည်ဆောက်ပုံတွင် လူဦးရေအလိုက် ဆောက်လုပ်ပေးရမည့် ဈေး၊ ကျောင်း၊
ပန်းခြံ၊ ကစားကွင်း၊ ဆေးရုံ၊ မီးသတ်…စသည့် အင်္ဂါံရပ်များ စနစ်တကျမရှိခြင်းနှင့်လည်း
ဆိုင်မည်ထင်သည်။)
ပန်းခြံ၊ ကစားကွင်း၊ ဆေးရုံ၊ မီးသတ်…စသည့် အင်္ဂါံရပ်များ စနစ်တကျမရှိခြင်းနှင့်လည်း
ဆိုင်မည်ထင်သည်။)
အဖေသည် မောင်ညီပုကို စိတ်ပူသဖြင့် နေ့လည်ထမင်းစားပြန်သည့်အခါ မောင်ညီပုရော၊
ခလေးထိန်းကိုရော ခြံထဲသို့ခေါ်၍ ခြံထဲရှိ အခြား သူ့မြေးများနှင့် ဆော့ကစားစေလေသည်။
ခလေးထိန်းကိုရော ခြံထဲသို့ခေါ်၍ ခြံထဲရှိ အခြား သူ့မြေးများနှင့် ဆော့ကစားစေလေသည်။
သူသည် မောင်ညီပု၏ အရပ်၊ ကိုယ်အလေးချိန်တို့ကိုပါ ကျန်းမာရေးဝန်ထမ်းတယောက်ကဲ့သို့ မှန်မှန် မှတ်ထားလေသည်။
တနေ့တွင် သူ လက်မအားသဖြင့် ကျမအား သူ့မှတ်စုစာအုပ်တွင် မောင်ညီပု၏ အရပ်၊ ကိုယ်အလေးချိန် တိုးတက်လာမှုကို ရေးမှတ်စေသည်။
သူ့မှတ်စုစာအုပ်သည် သားရေဖုံးဖြစ်ပြီး ဟောင်းနွမ်းနေကာ စာရွက်အနားများသည် ရွှေမှင်သုတ်ထားသော အကောင်းစား မှတ်စုစာအုပ်ကလေးဖြစ်သည်။
ကျမသည် သူပြောသည့် အတိုင်းအတာများကို ရေးမှတ်ပြီးနောက် အခြားစာမျက်နှာများကိုပါ လှန်လှောကြည့်မိသည်။
Wow ကျမတို့မောင်နှမ ၈ယောက်လုံး၏ record များပါမက၊ ဇာတာများ၊ မှတ်ချက်များလည်းပါလေသည်။
အရပ်အမောင်း ကိုယ်အလေးချိန်တွင် ကျား၊ မ၊ ကွဲပြားမှုရှိသေးသဖြင့် ယျေဘူယအားဖြင့် သိပ်မကွာလှပါ။
ဥာဏ်ရေ ဦးဏှောက်ဖွံ့ဖြိုးမှုတွင် ကွာလေ၏။
ဆော့ကစားတတ်ပုံ စကားပြောတတ်ပုံ စသည်တို့ဖြင့် သီးသန့်စီ မှတ်တမ်းတင်ထားလေသည်။
ပျမ်းမျှအားဖြင့် ၂နှစ်တွင် ကောင်းစွာစကားပြောတတ်နေကြပြီဖြစ်သည်။
သို့သော်-
ကျမ၏ စာမျက်နှာအောက်နားတွင်-
၂နှစ်နှင့် ၇လတွင် မင်္ဂံလာကဗျာ၂ပုဒ်ကို ပီသစွာရွတ်ဆိုတတ်၏ ဟူ၍ပါရှိလေသည်။
အပြေးအလွှားဖြင့် အမေ့ကိုရှာကာ မေးမိလေသည်။ အဖေ့ကို မမေးရဲပါ။
အဖေသည် အခြားမြန်မာအဖေများကဲ့သို့ သားသမီးများနှင့် အလာဘ သလာဘ ပြောလေ့မရှိ။
ကျမတို့အမြင်တွင် အဖေ ကျမတို့ကို စိတ်တိုင်းမကျသည်ကများသဖြင့် အမြဲ သုန်မှုန်နေတတ်သည်။
“အမေ ဒါ ဘာကိုပြောတာလဲဟင်”
“အော် အဲဒါ မင်္ဂံလသုတ်မြန်မာကဗျာ ပထမ၂ပုဒ်ကို အလွတ်ဆိုနိုင်တာကိုပြောတာ”
“ဟင် ကျန်တဲ့လူတွေကရော”
“အားလုံးကို သင်တာဘဲ၊ သူတို့က အသံပီအောင် လိုက်မဆိုနိုင်သေးဘူး။ နောက်ပြီး ရှေ့ကကြောင်းပေးမှ
လိုက်ဆိုနိုင်တယ်။ ၃နှစ်လောက်ဆိုရင်တော့ အားလုံးသင်လို့ရသွားတာဘဲ၊ သမီးက နဲနဲစော တတ်တာပေါ့လေ”
၂နှစ်သား မောင်ညီပုက မခုန်ပေါက်ချင်ဘဲ ၂၂နှစ်ရှိနေသော ကျမ၏ခြေထောက်များက ခုန်ပေါက်ချင်နေသဖြင့် အိမ်ရှေ့ထွက်၍ ခြံတပါတ်ပြေးလိုက်ရသည်။
ကျမခန္ဓာကိုယ်ထဲရှိ ဟော်မုန်းများပြောင်းလဲကုန်ပြီး အင်နာဂျီတွေလျှံကျလာသဖြင့် မြန်မြန် ပြန်လောင်(burn) ပေးလိုက်ရသည်။
ကျမ ထူးချွန်သည်ဟု ခံစားရ၍ မြောက်နေခြင်းမဟုတ်ပါ။
အဖေနှင့်ကျမကြားရှိ ပျောက်ဆုံးနေသော ကွက်လပ်(puzzle)လေးကို ပြန်ရသကဲသို့ ခံစားရ၍ဖြစ်ပါသည်။
စာကြောင်းသည် တိုတိုလေး။
ထပ်ခါထပ်ခါ ဖတ်၍ မဝနိုင်ပါ။
အဖေ့အံဆွဲကို မကြာမကြာ ဖွင့်၍ ဒီစာမျက်နှာကို ခဏ ခဏ ဖတ်ကာ ပီတိဖြစ်နေမိသည်။
ဒီစာကြောင်းကို ဖတ်သည့်အခါတိုင်း ကျမမျက်နှာသည် လပြည့်ဝန်းလိုဖြစ်နေမည်မှာ
မှန်ကြည့်စရာမလိုဘဲသိလေသည်။
ဒီစာကြောင်းလေးသည် ကျမကို ၉၀ ဒီဂရီ(vertical move) ထောင်တက်စေခဲ့လေသည်။
အဖေသည် အမေကဲ့သို့ပင် မမြင်ရသော ပို၍လည်း အားကောင်းသော စွမ်းအင်တခု။
ဘာဖြစ်လို့များ အရှေ့တိုင်းအဖေများဟာ အနောက်တိုင်းအဖေများလို ဒီစွမ်းအင်ကို ထုတ်မသုံးကြတာလဲ။
သားသမီးများက ရှာဖွေတွေ့နိုင်ဖို့ဆိုတာ အလွန်ခဲယဉ်းပါဘိခြင်း။
ထိုအခါမှစ၍ အဖေနှင့် ကျမကြားတွင် (IT စကားနှင့် ပြောရလျှင်) password ပြန်ရပြီး window တွေတခုပြီးတခု ပွင့်သွားလေတော့သည်။
ဗုဒ္ဓ၏ဒေသနာတော်အရ ပြောရလျှင်မူ-
အညမညဖြစ်လို့ သဟဇာတလည်းဖြစ်ကာ ဥပနိဿယအား ကောင်းသွားလေ၏။
ဗုဒ္ဓ၏ဒေသနာတော်အရ ပြောရလျှင်မူ-
အညမညဖြစ်လို့ သဟဇာတလည်းဖြစ်ကာ ဥပနိဿယအား ကောင်းသွားလေ၏။
အို အဖေဆုံးသွားသည်မှာ အနှစ်၂၀နီးပါး ရှိသွားပါပေါ့လား။
It's very true that most Asian fathers are not close to their children. I don't remember giving a hug to my dad as teenager.Thanks for the post.
ReplyDelete